DVB Logo
Home
မြန်မာသတင်း
ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ဘားအံတွင် ကျင်းပ
DVB
·
September 27, 2026
Photo: CJ
Photo: CJ
Donate to DVB

“ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် ၂၀၂၆” ကို ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စက်တင်ဘာလ ၂၆ ရက်က  ပထမဆုံးအကြိမ်အဖြစ် ကျင်းပပါတယ်။

ဒီဖိုရမ်မှာ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုး၊ KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌဟောင်း ပဒိုရွှေမောင်းနဲ့ စစ်ကောင်စီအဖွဲ့ဝင်ဟောင်း မန်းငြိမ်းမောင်နဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) အကြံပေး ဦးအောင်မင်း တို့အပြင် ကရင်အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်တွေ ဆွေးနွေးခဲ့ကြပါတယ်။

ဖိုရမ်မှာ DKBA နဲ့ KNU/KNLA-PC တို့က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပေမဲ့ စစ်အာဏာရှင်ကို ဆက်လက်တိုက်ပွဲဝင်နေတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ တရားဝင် ကိုယ်စားလှယ်တွေကတော့ တက်ရောက်ခဲ့တာ မရှိပါဘူး။

ဆွေးနွေးပွဲမှာ KNU/KNLA-PC ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူးက “ပြည်နယ်တခုမှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးပန်းတိုင်ကို အမြန်ဆုံး ရောက်ရှိချင်တယ်ဆိုရင် စစ်ကောင်စီအနေနဲ့ ရိုးသားဖို့ လိုအပ်ပါတယ်”လို့ ထည့်သွင်းပြောကြားသွားပါတယ်။

ဖိုရမ်တက်ရောက်လာသူတွေက မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ်အသီးသီးရှိ ပြည်သူလူထုရဲ့ ဘဝတွေကို ရှေးရှုပြီး  အဖွဲ့အစည်းတခုနဲ့တခု ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားကာ တွေ့ဆုံဆွေးနွေး အဖြေရှာတဲ့ လမ်းကြောင်းအတိုင်း ဆောင်ရွက်တာသာ အသင့်တော်ဆုံးဖြစ်ကြောင်း ဆွေးနွေးခဲ့ကြပါတယ်။

လက်ရှိမှာ နိုင်ငံအတွင်းရှိ ကွဲပြားနေတဲ့ အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံတော်နဲ့ ပြည်သူအတွက်ဆိုပြီး ကြွေးကြော်နေကြပေမဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိသေးဘဲ မြေဇာပင်ဖြစ်ကာ ဒုက္ခရောက်နေရတဲ့ စစ်ရှောင်ပြည်သူတွေနဲ့ ပြည်သူလူထုရဲ့ အခက်အခဲတွေကိုလည်း ဖိုရမ်မှာ ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013