
ချဒ်နိုင်ငံမှာ စစ်စခန်းတခုကို အစ္စလာမ္မစ် ဘိုကိုဟာရမ်စစ်သွေးကြွတွေက တိုက်ခိုက်ခဲ့လို့ လုံခြုံရေး တပ်ဖွဲ့ဝင် ၂၃ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး တခြား ၂၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ချဒ်စစ်တပ်က မေ ၅ ရက်မှာ ကြေညာချက် ထုတ်ပြန်ပြောပါတယ်။
ချဒ်ရေကန်ဒေသမှာ မေ ၄ ရက်ညက ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုကို ချဒ်တပ်မတော်က တွန်းလှန်ခဲ့ပြီး အဲဒီဒေသကို ရှင်းလင်းဖို့ စစ်ဆင်ရေးတွေ ဆောင်ရွက်ခဲ့တယ်လို့လည်း ကြေညာချက်က ပြောပါတယ်။
ဘိုကိုဟာရမ် စစ်သွေးကြွတွေဟာ ၂၀၀၉ ခုနှစ်ကစပြီး နိုင်ဂျီးရီးယားအရှေ့မြောက်ပိုင်းက စစ်စခန်း တွေကို တိုက်ခိုက်ခဲ့ပြီးတဲ့နောက် တိုက်ပွဲတွေ မကြာမကြာဖြစ်နေတဲ့ ချဒ်အနောက်ပိုင်းအထိ သူတို့ရဲ့ နယ်မြေကို တိုးချဲ့ခဲ့ပါတယ်။
ချဒ်သမ္မတ မဟာမတ် အိုင်ဒရစ်စ် ဒက်ဘီက တိုက်ခိုက်မှုကို ရှုတ်ချတဲ့အကြောင်း ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်ပေါ်ကနေ ကြေညာပါတယ်။
Source: Reuters










