
အမေရိကန်မှာ တရုတ်ကားထုတ်လုပ်မှုနဲ့ပတ်သက်လို့ လွှတ်တော်အမတ်တွေနဲ့ ကားကုမ္ပဏီတွေ က ဆန့်ကျင်မှုတွေရှိနေပေမဲ့ သမ္မတ ထရမ့်ပ်က သဘောတူတဲ့အကြောင်း စက်တင်ဘာ ၁၁ ရက် ရုပ်သံထုတ်လွှင့်မှုမှာ ပြောပါတယ်။
“တကယ်လို့ တရုတ်က အမေရိကန်မှာ ကားစက်ရုံတွေ တည်ဆောက်ဖို့ ဆန္ဒရှိတယ်ဆိုရင် ကျနော် ကတော့ အိုကေတယ်လို့ ပြောမှာပါ” လို့ ထရမ့်ပ်က Fox News ရဲ့ ပရိုဂရမ်အတွက် အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
“လက်ရှိမှာ တရုတ်ကားတွေ အမေရိကန်မှာ ထုတ်ချင်တယ်ဆိုရင် ကျနော်ကတော့ အဆင်ပြေတယ်လို့ ပြောမှာပါ။ ဂျပန်လည်း အဲ့လိုလုပ်နေပါတယ်။ ဒါပေမဲ့ သူတို့ ကျနော်တို့ နိုင်ငံသားတွေကို ငှားရပါတယ်။ တကယ့်အရေးပါတာက ကျနော်တို့လူတွေ သူတို့ ငှားရမှာပါ“ လို့ ထရမ့်ပ်က ပြောပါတယ်။
ဒါ့အပြင် ထရမ့်ပ်က တရုတ်ကားထုတ်လုပ်သူတွေဟာ မက္ကဆီကိုမှာ ဈေးသက်သက်သာသာနဲ့ ထုတ်လုပ်ပြီး အဲ့ဒီကနေ အမေရိကန်ကို တင်သွင်းတာမျိုး သူ မလိုချင်ကြောင်းနဲ့ တရုတ်ကားတွေ ကို အပြစ်ပြောနေတာမဟုတ်ကြောင်း ထပ်မံပြောခဲ့ပါသေးတယ်။
မစ်ချီဂန်ီဒမိုကရက်အမတ် စလော့ကင်က ထရမ့်ပ်ဟာ တရုတ်ကားတွေကို အမေရိကန်မှာ ရောင်းချ ခွင့်ပြုမယ်ဆိုတဲ့ ကောလာဟလသတင်းတွေ ထွက်နေတဲ့အကြောင်း၊ အဲ့ဒါက မှားယွင်း တဲ့ မဟာဗျူဟာပဲလို့ စက်တင်ဘာ ၉ ရက်မှာ ပြောခဲ့ပါတယ်။
ထရမ့်ပ်ကတော့ စလော့ကင်ပြောတဲ့ သတင်းတွေက သတင်းတုတွေသာ ဖြစ်ကြောင်းနဲ့ သူက တရုတ်ကားတွေ အမေရိကန်နိုင်ငံထဲ မဝင်အောင် တားဆီးခဲ့တဲ့အကြောင်း ပြောပါတယ်။
ဒါ့အပြင် FoxNews ကမေးမြန်းသူ အင်ဂရာဟမ်က တရုတ်ကားတွေ အမေရိကန်နိုင်ငံထဲ မရောက်အောင် ကတိပေးနိုင်လားဆိုတဲ့ မေးမြန်းမှုကိုလည်း ထရမ့်ပ်က ဖြေကြားခဲ့ပါသေးတယ်။
“တရုတ်ကားတွေကို အခွန် ၁၅၀ ရာခိုင်နှုန်း ကောက်ခဲ့တဲ့သူက ကျနော်ပါ။ အမေရိကန် ပြည်ထောင်စုမှာ တရုတ်ကားတွေ ဘယ်လောက်များလဲလို့ ခင်ဗျားထင်လဲ။ တရုတ်ကားတွေ မရှိပါဘူး။ BYD အကြောင်း ကျတော်မသိပါဘူး။ တရုတ်ကားတွေ အမေရိကန်နိုင်ငံထဲ မရောက်အောင် လုပ်ခဲ့တဲ့ တဦးတည်းသောသူက ကျနော်ပါ။ တရုတ်ကားတွေက ခင်ဗျားသိတဲ့ အတိုင်းပဲ ဂျာမနီကိုလည်း ဖျက်ဆီးခဲ့ပြီးပါပြီ။ သူတို့ဟာ မာစီဒီး၊ BMW တို့ကို ဖျက်ဆီးနေတာပါ။ ခင်ဗျား ဥရောပရောက်ရင်တွေ့မှာပါ။ တရုတ်ကားတွေ ဘယ်လောက်များလဲဆိုတာ နှင်းပုံကြီး ကျနေတာပဲ။ ကျနော် တရုတ်ကားတွေကို မကောင်းပြောတာမဟုတ်ပါဘူး” လို့ ထရမ့်ပ်က ပြောပါတယ်။
Source: Reuters











