
တရုတ်နိုင်ငံဟာ လက်နက်တွေ အလျင်အမြန် တပ်ဆင်နေတယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရိုကိုအိဇုမိက ပြောကြားလိုက်ပြီး စစ်ရေးတိုးမြှင့်မှုတွေကို ပွင့်လင်းမြင်သာမှုမရှိဘဲ လျင်လျင်မြန်မြန် လုပ်ဆောင်နေတယ်လို့လည်း ဝေဖန်လိုက်ပါတယ်။
တရုတ်ဟာ ကာကွယ်ရေးအသုံးစရိတ်ကို မြင့်မားတဲ့အဆင့်မှာ တိုးမြှင့်မှုတွေ ဆက်လက်နေတယ်လို့ ကိုအိဇုမိက စင်ကာပူမှာ မတ် ၃၁ ရက်က ပြုလုပ်တဲ့ ရှန်ဂရီလာ ဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။
ကိုအိဇုမိက “တရုတ်နိုင်ငံရဲ့ စစ်ရေးအင်အားတိုးမြှင့်မှုက ဂျပန်နဲ့ နိုင်ငံတကအသိုက်အဝန်းအတွက် အလေးပေးစိုးရိမ်စရာကိစ္စဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဒီလို စွပ်စွဲဝေဖန်မှုတွေကြောင့် တရုတ်နဲ့ ဂျပန်တို့ကြား ဆက်ဆံရေး တင်းမာမှု ပိုပြီး နက်ရှိုင်း လာတယ်လို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
တရုတ်နိုင်ငံက ထိုင်ဝမ်ကို တိုက်မယ်ဆိုရင် ဂျပန်က စစ်ရေးအရ တုံ့ပြန်မယ်လို့ ဂျပန်ဝန်ကြီးချုပ် တာကာအိချိက နိုဝင်ဘာလတုန်းက ပြောဆိုမှုနဲ့ ပတ်သက်လို့ တရုတ်၊ ဂျပန် ၂ နိုင်ငံရဲ့ ဆက်ဆံရေးက အဆိုးရွားဆုံး အခြေအနေကို ရောက်လာခဲ့ပါတယ်။
Source: Reuters










