DVB Logo
Home
နိုင်ငံတကာ
အီရန်စစ်ဘေးစိုးရိမ်သော်လည်း ဟာ့ဂျ်ဘုရားဖူး ၁ သန်းခွဲကျော် လာရောက်
DVB
·
May 27, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းဒေသတွင်း မငြိမ်မသက်ဖြစ်နေပေမဲ့ ဆော်ဒီအာရေဗျနိုင်ငံမှာ နှစ်စဉ်ပြုလုပ်နေကျ မွတ်စလင်တွေရဲ့ ဟာ့ဂျ်ဘုရားဖူးခရီးစဉ် စတင်ပြီဖြစ်ပါတယ်။

နိုင်ငံပြင်ပက ဘုရားဖူး ၁ ဒသမ ၅၁ သန်း ရောက်ရှိလာတယ်လို့ ဆော်ဒီအာဏာပိုင်တွေက ပြီးခဲ့တဲ့အပတ်မှာ ထုတ်ပြန်ပါတယ်။ အမေရိကန်၊ အစ္စရေးနဲ့ အီရန်တို့ကြား ၃ လကြာ ပဋိပက္ခတွေကြောင့် ဒီဒေသမှာ ပူပန်မှုတွေ ရှိနေပေမဲ့ မနှစ်ကထက်တောင် ဘုရားဖူး ၁၁,၀၀၀ ပိုများတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့လက အပစ်အခတ်ရပ်စဲရေး မစတင်ခင်မှာ အီရန်ဟာ ဆော်ဒီနဲ့ ပင်လယ်ကွေ့နိုင်ငံတွေကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။

မတ် ၈ ရက်က အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် အယ်လ်ခါ့ချ်မြို့က အရပ်သား ၂ ယောက်နဲ့ အမေရိကန်စစ်မှုထမ်းတယောက် သေဆုံးခဲ့ပါတယ်။

ဒါကြောင့် မက္ကာမြို့တော်ကို လေကြောင်းရန်ကနေ ကာကွယ်ဖို့ လေယာဉ်ပစ်လက်နက်တွေ တပ်ဆင်ထားတယ်လို့ ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနက လူမှုကွန်ရက်မှာ ဖော်ပြပါတယ်။

ဒီနှစ် ဟာ့ဂျ်ဘုရားဖူးရာသီရဲ့ ပထမဆုံးနေ့မှာ အပူချိန် ၄၅ ဒီဂရီဆဲလ်စီးယပ်စ်အထိ ပြင်းထန်နေပါတယ်။

ဒါပေမဲ့ ဘုရားဖူးတွေကတော့ မက္ကာမြို့က မဟာဗလီကြီးကိုသွားပြီး ကဘ်ဘာကျောင်းတော်ကို ခုနစ်ပတ်ပတ်တဲ့ တာဝက်ဖ် လို့ခေါ်တဲ့ ထုံးတမ်းစဉ်လာကို ဆောင်ရွက်နေကြပါတယ်။

အဲဒီနောက် ဘုရားဖူးတွေဟာ ၅ ကီလိုမီတာဝေးတဲ့ မီနာအရပ်ကို ဆက်သွားကြပြီး အာရာဖတ်တောင်ကို မထွက်ခွာခင် တဲတွေမှာ ညအိပ်ကြမှာပါ။

အဲဒီတောင်ဟာ တမန်တော် မိုဟာမက် နောက်ဆုံးတရားဟောခဲ့တဲ့ နေရာဖြစ်ပြီး အဲဒီမှာ တနေကုန် ဆုတောင်းတာဟာ ဟာ့ဂျ်ဘုရားဖူးခရီးစဉ်ရဲ့ အဓိကအကျဆုံး အပိုင်းပဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013