
လုံခြုံရေးဆိုင်ရာ အန္တရာယ်တွေကြောင့် အမေရိကန် နိုင်ငံခြားရေးဌာနက အရေးပေါ်တာဝန်မရှိတဲ့ အမေရိကန် အစိုးရဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေကို ဆော်ဒီအာရေဗျနိုင်ငံကနေ ထွက်ခွာကြဖို့ ညွှန်ကြားလိုက်တယ်လို့ ဆော်ဒီအာရေဗျနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက အောက်တိုဘာ ၃၀ ရက်မှာ ကြေညာပါတယ်။
ဒီညွှန်ကြားချက်ဟာ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၂၃ ရက်ကစပြီး အကျုံးဝင်ခဲ့တာပါ။ ဟူသီအဖွဲ့က ဆော်ဒီအာရေဗျနိုင်ငံကို တိုက်ခိုက်နေပြီး၊ အရပ်ဘက်လေဆိပ်တွေနဲ့ တခြား အရေးပါတဲ့ အခြေခံအဆောက်အအုံတွေအပေါ်လည်း တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
ဟူသီတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့သလို ခရီးသွားလာရေးမှာလည်း ပြင်းထန်တဲ့ အနှောင့်အယှက်တွေ ဖြစ်ခဲ့တာပါ။ တိုက်ပွဲတွေက လက်ရှိဖြစ်နေတဲ့ နေရာဒေသထက် ကျော်လွန်ပြီး အမြန်ပိုပြင်းထန် လာနိုင်ခြေ ရှိနေပါတယ်။
ဆော်ဒီအာရေဗျနိုင်ငံထဲက လေဆိပ်တွေကို မကြာသေးမီက ဒုံးကျည်တွေ၊ မောင်းသူမဲ့လေယာဉ် (UAV)တွေနဲ့ တိုက်ခိုက်ခံ ရပြီးတဲ့နောက်၊ ဆော်ဒီအာရေဗျနိုင်ငံက ဘယ်လေဆိပ်ကိုမဆို သုံးချင်တဲ့ အမေရိကန် အစိုးရဝန်ထမ်းတွေဟာ သံရုံးတာဝန်ခံဆီက အထူးခွင့်ပြုချက် ယူဖို့လိုတယ်လို့ သံရုံးက ပြောခဲ့ပါတယ်။
လေဆိပ်တွေကို တိုက်ခိုက်မှု ဖြစ်နိုင်ခြေ၊ လေကြောင်းပိတ်ပင်မှုတွေ၊ လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းခံရတာတွေနဲ့ ခရီးသွားလာရေး အနှောင့်အယှက်တွေ ဖြစ်နိုင်ခြေတို့အပေါ် သတိပြုကြဖို့ သံရုံးက အမေရိကန်နိုင်ငံသားတွေကို သတိပေးထားပါတယ်။
Source: Reuters











