
တောင်ကိုရီးယားနိုင်ငံ၊ ဘွန်ဒန်ခရိုင်မှာ နိုဝင်ဘာ ၁၁ ရက်က ဘတ်စ်ကားတစီးက ယာဉ်အများအပြားနဲ့ တိုက်မိခဲ့လို့ လူ ၉ ယောက် အပြင်းအထန် ဒဏ်ရာရပြီး ၄၈ ယောက်က မပြင်းထန်တဲ့ ဒဏ်ရာတွေ ရခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။
ဘတ်စ်ကားက မီးပွိုင့်မှာစောင့်နေတဲ့ ယာဉ်တချို့ အပါအဝင် ယာဉ်အများအပြားကို ဝင်တိုက်မိ ခဲ့ပြီးတဲ့နောက် လမ်းအလယ်ပိုင်းက အကာအရံကို ဝင်တိုက်မိခဲ့တယ်လို့ မျက်မြင်သက်သေ တယောက်ကို ကိုးကားပြီး အမျိုးသားမီးသတ်ဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ဆိုးလ်မြို့တော်ရဲ့ တောင်ဘက် ဆောင်းနမ်မြို့၊ ဘွန်ဒန်ခရိုင်မှာ ဖြစ်ခဲ့တဲ့ ဒီမတော်တဆမှုမှာ ဘတ်စ်ကား ၄ စီး၊ ကုန်တင်ကားတစီးနဲ့ ကိုယ်ပိုင်ကား ၂၇ စီး အပါအဝင် စုစုပေါင်း ယာဉ် ၃၂ စီး ပါဝင်ပတ်သက်ခဲ့တယ်လို့ မီးသတ်ဌာနက ဖော်ပြထားပါတယ်။
Source:Reuters











