တီဟီရန်ဟာ ခြိမ်းခြောက်မှုတွေအောက်မှာ အမေရိကန်နဲ့ ဆွေးနွေးညှိနှိုင်းမှု လုပ်မှာမဟုတ်ဘူးလို့ အီရန်ရဲ့ ထိပ်တန်းညှိနှိုင်းရေးမှူးလည်းဖြစ်၊ လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်တဲ့ မိုဟာမက် ဘာကာ ကာလီဘတ်ဖ်က ဧပြီ ၂၀ ရက်မှာ ပြောလိုက်ပါတယ်။
ကာလီဘတ်ဖ်က “ဒေါ်နယ်ထရမ့်ပ်ဟာ သူ့အမြင်နဲ့သူ ပိတ်ဆို့မှုတွေလုပ်၊ အပစ်အခတ် ရပ်စဲရေးကို ချိုးဖောက်ပြီးတော့ ဒီဆွေးနွေးပွဲစကားဝိုင်းကို လက်နက်ချစကားဝိုင်း ဖြစ်အောင်လုပ်ဖို့ ဒါမှမဟုတ် စစ်ပွဲအသစ် ပြန်စဖို့အတွက် အကြောင်းပြချက် ရှာလို့ရအောင် လုပ်ဆောင်နေတာပါ” လို့ သူ့ရဲ့ X လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် “ကျနော်တို့ကတော့ ခြိမ်းခြောက်မှုတွေရဲ့ အရိပ်အောက်မှာ ဆွေးနွေးညှိနှိုင်းတာမျိုးကို လက်မခံပါဘူး။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းမှာလည်း စစ်မြေပြင်မှာ ထုတ်သုံးမဲ့ နည်းလမ်းသစ်တွေကို ပြသဖို့အတွက် ကျနော်တို့ ပြင်ဆင်ထားပြီးသား ဖြစ်ပါတယ်” လို့လည်း အခိုင်အမာ ပြောကြားခဲ့ပါတယ်။
Source: Reuters










