
ဂျပန်နိုင်ငံအနောက်တောင်ပိုင်းမှာ နိုင်ငံခြားသားတယောက် အပါအဝင် လူ ၃၀ ထက်မနည်း သေဆုံးခဲ့တဲ့ အင်အားပြင်းငလျင်တခု ဇူလိုင် ၂၉ ရက် လှုပ်ခတ်အပြီး စစ်သားတွေနဲ့ အရေးပေါ် ကယ်ဆယ်ရေးသမားတွေက ဆိုးဆိုးရွားရွား ပျက်စီးနေတဲ့ ဈေးဝယ်စင်တာတခုနဲ့ ပြိုကျနေတဲ့ အိမ်တွေကြားမှာ ပိတ်မိနေတဲ့ အသက်ရှင် ကျန်ရစ်သူတွေကို ရှာဖွေနေကြပါတယ်။
ပြီးခဲ့တဲ့လကမှ ပြန်ဖွင့်လှစ်ခဲ့တဲ့ Aeon ဈေးဝယ်စင်တာမှာ ဓာတ်ငွေ့ပေါက်ကွဲမှု ဖြစ်နိုင်ခြေကို အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေကြပါတယ်။
ကယ်ဆယ်ရေးသမားတွေက အဆောက်အအုံထဲမှာ ဓာတ်ငွေ့အနံ့ရနေတယ်လို့ သတင်းပို့ခဲ့ပေမဲ့ ဖြစ်ရပ်ရဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတုန်းပဲလို့ ဂျပန်အစိုးရ ထိပ်တန်းပြောရေးဆိုခွင့်ရှိသူ မီနိုရူ ကီဟာရက ပြောပါတယ်။
ပစိဖိတ်ချိုင့်ဝှမ်းကို တစိတ်တပိုင်း ဝန်းရံထားတဲ့ မီးတောင်တွေရှိရာ "မီးကွင်း" ပေါ်က ဂျပန်နိုင်ငံမှာ ပြင်းအား ၆ နဲ့ အထက်ရှိတဲ့ ကမ္ဘာ့ငလျင်လှုပ်ခတ်မှု စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းလောက် လှုပ်ခတ်လေ့ ရှိပါတယ်။
အရေးပေါ်မီးသတ်ကယ်ဆယ်ရေးအဖွဲ့များ၊ ရဲတွေနဲ့ တပ်မတော်ဝန်ထမ်း ၁၇၀ လောက် အကူအညီ တောင်းခံခဲ့တဲ့ အဆောက်အအုံ နေရာတွေကို အာရုံစိုက်နေကြပါတယ်။
ငလျင်ဇုန်တလျှောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ကူညီဖို့ တပ်ဖွဲ့ဝင် ၄,၅၀၀ ကျော်ကို တပ်ချထားခဲ့ပါတယ်။
ဝန်ထမ်းတွေက သောက်ရေနဲ့ လေအေးပေးစက်တွေ ဖြန့်ဝေပေးနေတာကို ပြတဲ့ ရုပ်သံကို ထုတ်ပြန်ခဲ့ပါတယ်။
ငလျင်ဘေးသင့် ပြည်သူတွေအတွက် အဲယားကွန်း ၃၀၀ လောက်ကို ကူမာမိုတိုဆီ လေကြောင်းနဲ့ ပို့ဆောင်ပေးခဲ့ပြီး အပူဒဏ်ကြောင့် ထိခိုက်ခံရတဲ့ နေရာတွေဆီကို ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ရို ကိုအိဇူမီက ပြောပါတယ်။
စီရင်စုတလျှောက်မှာ လူပေါင်း ၂၆၀,၀၀၀ လောက်ကို ကယ်ဆယ်ရေးစခန်းတွေဆီ သွားဖို့ ညွှန်ကြားထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ငလျင်ဗဟိုချက်ဟာ လူဦးရေ ၇၀၀,၀၀၀ လောက်ရှိတဲ့ ကျူရှူးကျွန်းရဲ့ အကြီးဆုံးမြို့ ကူမာမိုတိုမြို့ရဲ့ တောင်ဘက် ၁၂ မိုင် အကွာမှာ ရှိပါတယ်။
ငလျင်လှုပ်ခတ်ပြီးတဲ့နောက် ဗုဒ္ဓဟူးနေ့အထိ နောက်ဆက်တွဲ ငလျင်ငယ် ၁၀၀ ကျော် လှုပ်ခတ် ခဲ့ပါတယ်။
တရားဝင်ရေတွက်မှုအရ လွန်ခဲ့တဲ့ ၁၀ နှစ်က ခုမမိုတိုမှာ ငလျင်ကြီး လှုပ်ခတ်ခဲ့အပြီး လူ ၂၇၅ ယောက် သေဆုံးကာ နောက်ထပ် ၂,၇၃၉ ယောက် ဒဏ်ရာရခဲ့ပြီး ထိပ်တန်းခရီးသွားနေရာ တခုဖြစ်တဲ့ မြို့ရဲတိုက်ရဲ့ နံရံတွေအပါအဝင် အဆောက်အအုံ ထောင်ပေါင်းများစွာ ပျက်စီးခဲ့ပါတယ်။
Source: Reuters










