
ဂျပန်နိုင်ငံ အူဆူနိုမိယမြို့မှာ တွေ့နေခဲ့ရတဲ့ ဝက်ဝံနက်ကြီးတကောင်ကို အာဏာပိုင်တွေ ရက်အတော်ကြာ လိုက်လံဖမ်းဆီးခဲ့ပြီးနောက် ဇွန် ၉ ရက်မှာတော့ ဖမ်းမိသွားပါပြီ။
ဝက်ဝံကို တွေ့ရှိခဲ့တဲ့နေရာတွေမှာ မြို့တော်အာဏာပိုင်တွေဟာ ဥဆုနိုမိယမြို့ရှိ မြို့နယ်အဆင့် မူလတန်းနဲ့ အလယ်တန်းကျောင်း ၉၄ ကျောင်းလုံးကို ၂ ရက်ဆက်တိုက် ပိတ်ထားခဲ့ရပါတယ်။
လေကြောင်း ဗီဒီယိုမှတ်တမ်းတွေအရ မုဆိုးတွေက ဝက်ဝံကို မေ့ဆေးသေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးပြီးနောက် ကားပေါ်တင်ပြီး မောင်းနှင်ထွက်ခွာသွားတာကို တွေ့ရပါတယ်။
ဂျပန်နိုင်ငံမှာ မြို့ပြဒေသတွေ အပါအဝင် ဝက်ဝံတိုက်ခိုက်မှုတွေ တိုးပွားလာနေတာကြောင့် အသေအပျောက် လျှော့ချနိုင်ဖို့အတွက် အစိုးရက ဒီနှစ်ထဲမှာပဲ အထူးလုပ်ငန်းအဖွဲ့တခုကို ဖွဲ့စည်းခဲ့ပါတယ်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၂၅ ဘဏ္ဍာရေးနှစ်မှာ ဝက်ဝံကိုက်ခံရသူ ၂၃၈ ယောက်အထိ စံချိန်တင်ရှိခဲ့ပြီး အဲဒီထဲမှာ သေဆုံးသူ ၁၃ ယောက် ပါဝင်ပါတယ်။
Source: Reuters










