
ဘရိုက်တန်ကို (၃-၀) ဂိုးနဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ချဲလ်ဆီးနည်းပြ လီယမ်ရိုဆင်နီယာက သူ့ရဲ့ကစားသမားတွေကို "လက်ခံနိုင်စရာမရှိတဲ့ စိတ်ဓာတ်ပိုင်း" လို့ ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချလိုက်ပါတယ်။
ချဲလ်ဆီးဟာ ၁၁၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ၅ ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ဘဲ ရှုံးနိမ့် ခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက်လည်း ဝေးကွာသွားခဲ့ပြီ ဖြစ်ပါတယ်။
ပွဲအပြီး အင်တာဗျူးမှာ ရိုဆင်နီယာက အသင်းမှာ အကြီးအကျယ် ပြောင်းလဲမှုတွေ လိုအပ်နေပြီလို့ သတိပေးခဲ့သလို၊ ကစားသမား ၁၁ ယောက်မှာ ၃ ယောက်၊ ၄ ယောက်သာ အနိုင်လိုစိတ်ရှိတာဟာ ချဲလ်ဆီးလို အသင်းမျိုးအတွက် ရှက်စရာကောင်းကြောင်း ပြောကြားခဲ့ပါတယ်။
ပွဲစဉ်အတွင်းမှာလည်း စိတ်ပျက်နေတဲ့ ချဲလ်ဆီးပရိသတ်တွေက ရိုဆင်နီယာကို ရာထူးကနေ ထွက်ခွာဖို့ ဟစ်အော်တောင်းဆိုခဲ့ကြပါတယ်။
အသင်းပိုင်ရှင်တွေ ရှေ့မှောက်မှာ အခုလို ရှုံးနိမ့်ခဲ့တာကြောင့် လာမဲ့ တနင်္ဂနွေနေ့ လိဒ်ယူနိုက်တက်နဲ့ FA ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်ဟာ ရိုဆင်နီယာအတွက် နောက်ဆုံးအခွင့်အရေး ဖြစ်လာနိုင်ပါတယ်။
Photo: Reuters










