DVB Logo
Home
နိုင်ငံတကာ
ရွှေနှင့် ငွေဈေးနှုန်းတွေ သိသိသာသာကျဆင်း
DVB
·
March 22, 2026
Photo: REUTERS/Amit Dave
Photo: REUTERS/Amit Dave
Donate to DVB

ရွှေနဲ့ ငွေသတ္ထုတွေရဲ့ နိုင်ငံတကာအနာဂတ်ဈေးနှုန်းတွေ သောကြာနေ့ ကုန်သွယ်မှုအတွင်း ၃ ရာခိုင်နှုန်းနဲ့ ၇ ရာခိုင်နှုန်း အသီးသီး ကျဆင်းခဲ့ပါတယ်။

နယူးယောက် စတော့အိတ်ချိန်းဌာနရဲ့ COMEX စတော့ အိတ်ချိန်းဌာနခွဲက ရွှေရဲ့ အနာဂတ်စျေးဟာ တအောင်စကို အမေရိကန်ဒေါ်လာ ၄,၅၀၀ အောက် ၃ ရာခိုင်နှုန်း ကျော် ကျဆင်းခဲ့ပါတယ်။

ငွေရဲ့ အနာဂတ်ဈေးနှုန်းကတော့ တအောင်စကို အမေရိကန်ဒေါ်လာ ၆၈ အောက်ထိ ၇ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပါတယ်။

အခုလအထိ ရွှေဈေးနှုန်းတွေ ၁၅ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပြီး ငွေဈေးနှုန်းက ၂၇ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါတယ်။

ပထဝီနိုင်ငံရေးဆိုင်ရာ အန္တရာယ်တွေက အဖိုးတန်သတ္တုတွေအတွက် အကျိုးရှိပေမဲ့ ရေနံဈေးနှုန်းတွေ မြင့်တက်လာလို့ ငွေကြေးဖောင်းပွမှု မြန်ဆန်လာမယ်ဆိုတဲ့ မျှော်လင့်ချက်တွေကို ပြန်နိုးကြားစေခဲ့တယ်လို့ ဈေးကွက်လေ့လာသုံးသပ်သူတွေက ပြောပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013