DVB Logo
Home
မြန်မာသတင်း
ရွှေဈေးကွက် အတက်အကျများနေပြီး ကျပ်ငွေတန်ဖိုး ဆက်လက်ကျဆင်း
DVB
·
November 4, 2026
Photo: DVB
Photo: DVB
Donate to DVB

အရှေ့အလယ်ပိုင်းဒေသက ပထဝီနိုင်ငံရေး တင်းမာမှုတွေနဲ့ အမေရိကန်ဗဟိုဘဏ်ရဲ့ အတိုးနှုန်းဆိုင်ရာ မျှော်မှန်းချက်တွေကြောင့် ကမ္ဘာ့ရွှေဈေး အတက်အကျများနေပြီး လက်ရှိမှာ တအောင်စကို ဒေါ်လာ ၃,၉၀၈ ဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်နေပါတယ်။

အထူးသဖြင့် ရေနံဈေးနှုန်းတွေ ပြန်တက်လာတာက ငွေကြေးဖောင်းပွမှု စိုးရိမ်ချက်တွေကို မြင့်တက်စေပြီး ရွှေဈေးအပေါ် ဖိအားဖြစ်စေခဲ့တာလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

အောက်တိုဘာလကုန်ပိုင်းမှာ တအောင်စ ဒေါ်လာ ၃,၉၀၀ အောက်အထိ ကျဆင်းခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ နိုဝင်ဘာ ၂ ရက်မှာ ဒေါ်လာ ၃,၉၆၀ ဝန်းကျင်အထိ ပြန်လည်မြင့်တက်လာခဲ့ပေမဲ့ နိုဝင်ဘာ ၃ ရက် နေ့လယ်ပိုင်းမှာတော့ ဒေါ်လာ ၃,၉၀၈ ဝန်းကျင်အထိ ပြန်လည်ကျဆင်းလာခဲ့ပါတယ်။

အလားတူ ပြည်တွင်းရွှေဈေးမှာလည်း ကျပ်သိန်း ၁၀၀ ကနေ ၁၀၂ သိန်းကျော်အထိ အတက်အကျ ဖြစ်ပေါ်ခဲ့ပြီး နိုဝင်ဘာ ၃ ရက်မှာ ကျပ် ၁၀၁ သိန်း ၈ သောင်းဝန်းကျင်ကို ပြန်လည်ကျဆင်းလာပါတယ်။

ဒါပေမဲ့ ပြည်တွင်းစီးပွားရေး ဖိအားတွေနဲ့ ကန့်သတ်ချက်တွေကြောင့် မြန်မာကျပ်ငွေတန်ဖိုးမှာ ဆက်တိုက်ကျဆင်းနေပါတယ်။ 

ပြင်ပငွေလဲဈေးကွက်မှာ တဒေါ်လာလျှင် ၄,၈၄၀ ကျပ်ဝန်းကျင်အထိ မြင့်တက်နေပြီး၊ ထိုင်းဘတ်ငွေလဲနှုန်းမှာလည်း ကျပ်တသိန်းကို  ၆၉၀ - ၇၃၀ ဘတ်ဝန်းကျင်သာ ရရှိတော့ကြောင်း သိရသည်။

ရွှေဈေးတွေ ပြန်ကျလာပေမဲ့ တဖက်မှာတော့ ပြည်တွင်းစီးပွားရေး ဖိအားတွေနဲ့ ကန့်သတ်ချက်တွေကြောင့် မြန်မာကျပ်ငွေတန်ဖိုးကတော့ ဆက်တိုက်ဆိုသလို ကျဆင်းနေဆဲ ဖြစ်ပါတယ်။

ဈေးကွက်သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ပြင်ပငွေလဲဈေးကွက်မှာ တဒေါ်လာကို ဝယ်ဈေး ၄၇၅၀ ၊ရောင်းဈေး ၄,၈၄၀ ကျပ်ဝန်းကျင်အထိ မြင့်တက်နေပါတယ်။

ဒါ့အပြင် ထိုင်းဘတ်ငွေလဲနှုန်းကလည်း ကျပ်ငွေတန်ဖိုး ကျဆင်းလာတဲ့အတွက် ပြင်ပငွေလွှဲဈေးကွက်မှာ ကျပ်တသိန်းကို ၆၉၀ ကနေ ၇၃၀ ဘတ်ဝန်းကျင်သာ ရရှိတော့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013