DVB Logo
Home
နိုင်ငံတကာ
လော့စ်အိန်ဂျလိစ်တွင် NBC သတင်းဌာန ရဟတ်ယာဉ် ပျက်ကျပြီး ၃ ဦး သေဆုံး 
DVB
·
September 16, 2026
Photo: Reuters
Photo: Reuters
Donate to DVB

အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မှာ စက်တင်ဘာ ၁၅ ရက်က လူသေဆုံးမှုရှိခဲ့တဲ့ Metro ဘတ်စ်ကားတိုက်မှုတခုအကြောင်း သတင်းယူနေရင်း NBC News သတင်းဌာနပိုင် ရဟတ်ယာဉ် ပျက်ကျခဲ့တာကြောင့် လူ ၃ ယောက် သေဆုံးပြီး ၂ ယောက် ဆေးရုံတင်လိုက်ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ညနေ ၅ နာရီမထိုးခင်လေးမှာပဲ အဲဒီကားတိုက်မှု ဖြစ်ပွားရာအနီးမှာ ပျက်ကျခဲ့တာလို့ မြို့တော်ဝန် ကာရန် ဘက်စ်က ပြောပါတယ်။

ကောင်းကင်ထက်က ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းတွေမှာ ပစ္စည်းသိုလှောင်ရုံ တခုအနီး ပျက်ကျသွားတဲ့ ရဟတ်ယာဉ် အပျက်အစီးတွေ မီးလောင်ကျွမ်းနေတာကို တွေ့ရပြီး အနီးအနားက မော်တော်ယာဉ်တွေနဲ့ သိုလှောင်ကွန်တိန်နာတွေဆီ မီးကူးစက်သွားတာကို မီးသတ်တပ်ဖွဲ့ဝင် ၇၀ ကျော်က လာရောက်ငြှိမ်းသတ် ထိန်းချုပ်ခဲ့ကြရပါတယ်။

ညနေပိုင်း အခင်းဖြစ်ပွားရာနေရာ ရုပ်သံမှာတော့ သတင်းစာရှင်းလင်းပွဲအပြီး စိစစ်ရေးနယ်မြေ စည်းဝိုင်းနောက်ကွယ်မှာ NBC News သတင်းထောက် Robert Kovacik ရဲ့ စိတ်လှုပ်ရှား ခံစားနေရတဲ့ ပုံစံကို တွေ့ရပြီး လော့စ်အိန်ဂျလိစ်မြို့တော်ဝန် ကာရန် ဘက်စ် အပါအဝင် မီးသတ်သမားတွေကို ဖက်လှဲတကင်း နှုတ်ဆက်နေတာကို တွေ့ရပါတယ်။

အနည်းဆုံး လူ ၂ ယောက် သေဆုံးခဲ့တဲ့ ဘတ်စ်ကားတိုက်မှုကို သတင်းဌာနအသီးသီးက ရဟတ်ယာဉ်တွေနဲ့ သတင်းရယူနေချိန်မှာ အခုလို ပျက်ကျခဲ့တာဖြစ်ပြီး ဒီဖြစ်စဉ်ကို အမျိုးသား သယ်ယူပို့ဆောင်ရေး လုံခြုံရေးဘုတ်အဖွဲ့ (NTSB) က ဦးဆောင်ပြီး ဖက်ဒရယ် လေကြောင်းကွပ်ကဲရေးဦးစီးဌာန (FAA) တို့နဲ့အတူ စုံစမ်းစစ်ဆေးသွားမယ်လို့ မီးသတ်ဌာနက ပြောကြားခဲ့ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013