DVB Logo
Home
နိုင်ငံတကာ
CNN၊ MSNOW နှင့် Politico သတင်းဌာနတို့ကို အိမ်ဖြူတော်ဝင်ခွင့် ထရမ့်ပ် ပိတ်ပင်
DVB
·
September 19, 2026
Photo:Reuters
Photo:Reuters
Donate to DVB

အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်ဟာ လွတ်လပ်တဲ့ သတင်းမီဒီယာတွေအပေါ် ထိန်းချုပ်ဖို့ နောက်ထပ် ကြိုးပမ်းချက်အဖြစ် အဓိက သတင်းဌာနကြီး သုံးခုဖြစ်တဲ့ CNN၊ MSNOW နဲ့ Politico တို့ကို အိမ်ဖြူတော် ဝင်ထွက်ခွင့် ပိတ်ပင်လိုက်ကြောင်း စက်တင်ဘာ ၁၈ ရက်က ပြောကြား ခဲ့ပါတယ်။

အဲဒီသတင်းဌာနတွေကို "သတင်းအတု၊ အလိမ်အညာနဲ့ လုပ်ကြံဖန်တီးချက်တွေ ဖော်ပြနေတယ်" လို့ ထရမ့်ပ်က လူမှုကွန်ရက်မှာ စွပ်စွဲခဲ့ပြီး တခြားသတင်းဌာနတွေလည်း နောက်ပိုင်းမှာ ပါလာဦးမယ်လို့ ဆိုပါတယ်။ 

သမ္မတရုံးခန်းအတွင်း သတင်းထောက်တွေကိုတော့ အခုလို ပိတ်ပင်တာဟာ သီးခြားဖြစ်စဉ် တခုကြောင့် မဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ သတင်းအတုတွေ စုပုံလာတာကြောင့် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒီလုပ်ရပ်အပေါ် အိမ်ဖြူတော် သတင်းထောက်များအသင်း (WHCA) နဲ့ အမျိုးသား သတင်းစာဆရာများအသင်းတို့က ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ 

WHCA ဥက္ကဋ္ဌ ယက်ကီ ဟိုင်းန်ရစ်ချ်က ဒါဟာ သတင်းထောက်တွေရဲ့ အခွင့်အရေးထက် ပိုပြီး အမေရိကန်ပြည်ထောင်စုရဲ့ အမြင့်ဆုံး အာဏာပိုင်တွေရဲ့ သတင်းကို ပြည်သူတွေ ဘက်လိုက်မှုမရှိ၊ ပြည့်ပြည့်စုံစုံ သိရှိခွင့်အတွက် ဖြစ်တယ်လို့ ထောက်ပြခဲ့သလို၊ အမျိုးသားသတင်းစာဆရာများ အသင်းကလည်း ဒါဟာ သမ္မတရဲ့ အာဏာကျင့်သုံးမှုကို ဘယ်သူတွေက စောင့်ကြည့် သတင်းယူခွင့် ရှိမလဲ ဆိုတာကို ထိန်းချုပ်ဖို့ အထင်အရှား ကြိုးစားတာလို့ ဆိုပါတယ်။

ဒီပိတ်ပင်မှုဟာ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ သတင်းရယူခွင့်ကို အာမခံထားတဲ့ အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပထမပြင်ဆင်ချက်နဲ့ ဆန့်ကျင်နေတာကြောင့် တရားဥပဒေအရ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရဖို့ ရှိနေပါတယ်။

ထရမ့်ပ်ဟာ မီဒီယာတွေကို အခုလို ဖိအားပေးတာ ဒါ ပထမဆုံး မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်ကလည်း မက္ကဆီကို ပင်လယ်ကွေ့ကို သူ သတ်မှတ်ချင်တဲ့ "အမေရိကအမျိုးသား ပင်လယ်ကွေ့" ဆိုတဲ့ အမည်သစ်အတိုင်း သုံးစွဲပေးခြင်း မရှိတာကြောင့် AP သတင်းဌာနကို သတင်းထောက်အဖွဲ့ထဲကနေ ပိတ်ပင်ခဲ့ဖူးသလို၊ သူ့ကို ဝေဖန်တဲ့ ရုပ်သံလွှင့်ဌာနတွေကိုလည်း လိုင်စင်သိမ်းမယ်လို့ ဖိအားပေးလေ့ ရှိပါတယ်။ 

Photo: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013