
လီဗာပူးအသင်းကနေ ထွက်ခွာတော့မဲ့ မိုဟာမက် ဆာလာက နည်းပြစလော့ရဲ့ ကစားကွက်ပုံစံနဲ့ အသင်းစံနှုန်းတွေ ကျဆင်းလာမှုအပေါ် လူမှုကွန်ရက်ကနေ သွယ်ဝိုက်ဝေဖန်ခဲ့ပါတယ်။
တနင်္ဂနွေနေ့ ဘရဲန့်ဖို့ဒ်နဲ့ပွဲအပြီးမှာ အန်ဒီရောဘတ်ဆန်နဲ့အတူ အန်ဖီးလ်မြေကို ဆာလာက နှုတ်ဆက် တော့မှာ ဖြစ်ပါတယ်။
ဒီအပေါ် စလော့က ကစားသမားတွေရဲ့ လေ့ကျင့်ရေးပိုင်း ကြိုးစားမှုတွေဟာ လျော့ကျ မသွား ကြောင်း ငြင်းဆိုခဲ့ပြီး ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့စဉ်က ဆာလာရဲ့ အရေးပါပုံနဲ့ သူ့ရဲ့ ဂိုးသွင်းစက်ဗားရှင်းကိုသာ အမြဲမှတ်မိနေမှာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။
Photo:Reuters










