မိုဟာမက်ဆာလာ ပြောင်းရွှေ့ထားတဲ့ တူရပ်ကီလိဂ်အသင်း ထရက်ဘဇွန်စပိုး နည်းပြ ဖာသီး တက်ကီနဲ့ လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။
ယူရိုပါလိဂ် ပလေးအော့ဖ်မှာ ဖီရန်ဗာရိုစ်ကို ၅-၀ ဂိုးနဲ့ ရှုံးပြီးနောက် နည်းပြတက်ကီ နုတ်ထွက်စာ တင်ခဲ့ပေမဲ့ အသင်းဘက်က ငြင်းဆန်ခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ အာမက်စပိုးကို ၂-၁ ဂိုးနဲ့ ထပ်မံရှုံးနိမ့်ခဲ့တာကြောင့် နှစ်ဦး သဘောတူ လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
ဆာလာဟာ ၅ ပွဲမှာ ၃ ဂိုး သွင်းထားပေမဲ့ အသင်းကတော့ လိဂ်ပွဲ ၃ ပွဲမှာ ၁ ပွဲသာ နိုင်ပါသေးတယ်။ အသင်းဘက်ကတော့ ဟူစိန် ဂျင်မဆယာကို ယာယီ ခန့်အပ်ထားပြီး နည်းပြသစ် ရှာဖွေနေပါတယ်။











