ယူရိုပါလိဂ်ပွဲစဉ်မှာ ဘုန်းမောက်အသင်းက ၁၀ ယောက်တည်း ကျန်ရစ်တဲ့ အေစီမီလန်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့ပြီး ပြိုင်ပွဲမှာ ရလဒ်ကောင်းတွေကို ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
ဘုန်းမောက်အတွက် ပင်နယ်တီတွေကနေတဆင့် ဂျာစတင် ကလိုင်ဗတ်နဲ့ မားကပ်စ် တားဗာနီးယား တို့က ဦးဆောင်ဂိုးတွေ သွင်းယူခဲ့ကြပြီး လူစားဝင် ကစားသမား အာမင်း အဒ်လီက ပြစ်ဒဏ်ဘောကနေ နောက်ဆုံးဂိုးကို သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
ပွဲချိန် ၂၇ မိနစ်မှာ မီလန်ဂိုးသမား မိုက်မေးနန်း အနီကတ် ပြသခံခဲ့ရလို့ မီလန်အသင်း တယောက်လျော့နဲ့ ကစားခဲ့ရတာဖြစ်ပြီး လက်ရှိမှာ ဘုန်းမောက်အသင်းဟာ ယူရိုပါလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၃ အထိ တက်လှမ်းလာနိုင်ခဲ့ပါတယ်။











