
အီတလီထပ်သီးကလပ် အေစီမီလန်နဲ့ အင်တာမီလန်တို့ဟာ သူတို့ရဲ့ အထင်ကရ ဆန်စီရိုကွင်း နေရာမှာ ကွင်းသစ်တည်ဆောက်ဖို့ အစီအစဉ်တွေကို ထုတ်ဖော်ပြသလိုက်ပါတယ်။
ပေါင် ၅၄၃ သန်းတန်ဖိုးရှိတဲ့ နာမည်ပေးခွင့် သဘောတူညီချက်ရရှိပြီးနောက်မှာတော့ ကွင်းသစ် စီမံကိန်းဟာ အကောင်အထည်ဖော်ဖို့ လမ်းကြောင်းပေါ် ရောက်ရှိလာတာပါ။
၂ သင်းစလုံးဟာ သူတို့ရဲ့ သမိုင်းဝင်အိမ်ကွင်းဟောင်းကနေ ပြောင်းရွှေ့ဖို့ အချိန် ကြာမြင့်စွာက တည်းက ကြိုးပမ်းခဲ့တာ ဖြစ်ပါတယ်။
ကွင်းဟောင်းကို ဖျက်သိမ်းဖို့ အစီအစဉ်တွေကို ခဏရပ်ဆိုင်းထားခဲ့ပေမဲ့ အခုအခါမှာတော့ လုပ်ငန်းစဉ်တွေ ပြန်လည်စတင်နေပြီ ဖြစ်ပါတယ်။
Photo:Reuters











