
လီဗာပူးအသင်း ခေါင်းဆောင်ဟောင်း စတီဗင်ဂျရတ်က မိုဟာမက်ဆာလာရဲ့ ပြင်းထန်တဲ့ ထုတ်ပြန်ချက်ဟာ နည်းပြစလော့အတွက်တော့ အရှက်ရစရာ ဖြစ်ရပ်တခုပဲလို့ သုံးသပ်လိုက်ပါတယ်။
အက်စတွန်ဗီလာကို (၄-၂) ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် ဆာလာက အသင်းရဲ့ အားနည်းတဲ့ပုံစံကို ဝေဖန်ခဲ့ပြီး ကလော့ပ်လက်ထက်က “ဟဲဗီးမက်တယ်” တိုက်စစ်ဟန်ကို ပြန်ဖော်ထုတ်ဖို့ လူမှုကွန်ရက်ကနေ တောင်းဆိုခဲ့တာပါ။
ဂျရတ်က “ဆာလာဟာ ပုံမှန်ဆို စကားအများကြီးပြောလေ့ မရှိပါဘူး၊ အခုလို ပွဲခင်းရတာဟာ လီဗာပူးရဲ့ အဝတ်လဲခန်းထဲမှာ တခုခု မှားယွင်းနေပြီး အသင်းရဲ့ Identity ပျောက်ဆုံးနေတာကို သက်သေပြနေတာပါ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
ဆာလာရဲ့ ပို့စ်ကို ကာတစ်ဂျုန်းစ်နဲ့ ဆိုဘော့စလိုင်း အပါအဝင် အသင်းဖော်တချို့ကလည်း ဝိုင်းဝန်းထောက်ခံခဲ့ကြပါတယ်။











