DVB Logo
Home
၂၀၂၆ ကမ္ဘာ့ဖလား
ကမ္ဘာ့ဖလား ကုန်ပစ္စည်းတု ဒေါ်လာ သန်း ၂၀ ဖိုး ဟောင်ကောင်တွင် သိမ်းဆည်း
DVB
·
June 12, 2026
Photo: PHOENIX TV
Photo: PHOENIX TV
Donate to DVB

ဟောင်ကောင်အာဏာပိုင်တွေဟာ ဟောင်ကောင်ဒေါ်လာ ၁၅၆ သန်း (အမေရိကန်ဒေါ်လာ သန်း ၂၀ ခန့်) တန်ဖိုးရှိတဲ့ သံသယဖြစ်စရာ ကမ္ဘာ့ဖလား အတုအပ ပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ ဇွန် ၁၁ ရက်မှာ အကောက်ခွန်အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။

ဒီစစ်ဆင်ရေးအတွင်းမှာ ပြိုင်ပွဲဝင်နိုင်ငံတွေရဲ့ ဘောလုံးအင်္ကျီတွေ၊ ဘောလုံးတွေနဲ့ ဘောလုံးကန်ဖိနပ်တွေ အပါအဝင် အတုလို့ သံသယရှိရတဲ့ ပစ္စည်းပေါင်း ၂၃၀,၀၀၀ ကို ဖမ်းဆီးရမိခဲ့တာပါ။

ဟောင်ကောင် အကောက်ခွန်နဲ့ ယစ်မျိုးဌာန၊ မူပိုင်ခွင့် စုံစမ်းစစ်ဆေးရေးဌာနခွဲရဲ့ အဆင့်မြင့်အရာရှိ ဝိန်းန်ချောင်းရဲ့ ပြောပြချက်အရ ဖမ်းဆီးရမိတဲ့ အဝတ်အထည်တွေဟာ ဟောင်ကောင် ပြည်တွင်းစျေးကွက်မှာ ရောင်းဖို့မဟုတ်ဘဲ တခြားနိုင်ငံတွေကို တင်ပို့ဖို့ ပြင်ဆင်ထားတာဖြစ်ပြီး အနည်းဆုံး ၈၀ ရာခိုင်နှုန်းလောက်က အမေရိကန်နိုင်ငံကို အဓိက ဦးတည်တင်ပို့ဖို့ ရည်ရွယ်ထားတာလို့ သိရပါတယ်။

ဒါ့အပြင် အရာရှိ ဝိန်းန်ချောင်းက အတုနဲ့ အစစ် ခွဲခြားနိုင်မဲ့ အချက်တွေကိုလည်း ရှင်းပြခဲ့ပါတယ်။

အစစ်တွေရဲ့ လိုဂို (Logo) ရိုက်နှိပ်ထားပုံက အများကြီး ပိုမိုတောက်ပပြတ်သားပြီး အစစ်မှာပါတဲ့ စာသားတွေနဲ့ လိုဂိုတွေက သုံးဘက်မြင် (3D) ပုံစံမျိုးနဲ့ အလွှာလိုက် ပိုကြည့်ကောင်းတာကို မြင်နိုင်ပါတယ်။

အတုတွေကတော့ ပုံနှိပ်တာ ကြမ်းတမ်းပြီး ပြားချပ်ချပ်နဲ့ မီးရောင်အောက်မှာကြည့်ရင် သိသာသလို လက်နဲ့ ကိုင်ကြည့်လိုက်ရုံနဲ့တင် ကွာခြားချက်ကို သိနိုင်တယ်လို့ ဆိုပါတယ်။

၂၀၂၆ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကြီးကိုတော့ ဇွန် ၁၁ ရက်ကနေ ဇူလိုင် ၁၉ ရက်အထိ ကနေဒါ၊ မက္ကဆီကိုနဲ့ အမေရိကန် ၃ နိုင်ငံ ပူးတွဲပြီး အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာ ဖြစ်ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013