
အင်္ဂလန်နည်းပြ တူချယ်လ်ဟာ ဥရုဂွေး၊ ဂျပန်တို့နဲ့ ခြေစမ်းဖို့ ကစားသမား ၃၅ ယောက်ပါဝင်တဲ့ လူစာရင်းကို ထုတ်ပြန်လိုက်ပြီး ဒါဟာ ကစားသမားတွေအနေ့နဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ ပါဝင်ဖို့ သက်သေပြရမဲ့ နောက်ဆုံးအခွင့်အရေးဖြစ်တယ်လို့ သတိပေးလိုက်ပါတယ်။
ဒီလူစာရင်းမှာ ဂျိမ်းစ်ဂါနာ ပထမဆုံး ခေါ်ယူခံရသလို မန်ယူကွင်းလယ်ကြယ်ပွင့် ကိုဘီမိန်နူး၊ ဟာရီမက်ဂွိုင်းယားနဲ့ ကာဗတ်လူဝင်တို့လည်း ပြန်လည်ပါဝင်လာပါတယ်။
ဟာရီကိန်း၊ ဖိုဒမ်၊ ရပ်ရှ်ဖို့ဒ်နဲ့ ကိုးလ်ပါလ်မာ စသူတွေလည်း ပါဝင်သလို ကာဗတ်လူဝင်ကိုလည်း ပြန်ခေါ်ခဲ့ပေမဲ့ အော်လီဝက်ကင်းစ်နဲ့ ညာနောက်ခံလူ အလက်ဇန္ဒားအာနိုးလ်တို့ကတော့ ချန်လှပ် ခံခဲ့ရပါတယ်။
နံပါတ် ၁၀ နေရာအတွက် ဘယ်လင်ဂမ်ကို မော်ဂန်ရော်ဂျာက ပြင်းပြင်းထန်ထန် စိန်ခေါ်နေပြီး တူချယ်လ်က ဒီပွဲတွေကတဆင့် ကမ္ဘာ့ဖလားအတွက် အသင်းကို အချောသတ်ပြင်ဆင်သွားဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
Photo:Reuters










