ကျန်းမာရေးစစ်ဆေးမှု ခံယူပြီးနောက် သူ့ရဲ့ကျန်းမာရေး ပြည့်စုံကောင်းမွန်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြေညာပါတယ်။ ထရမ့်ပ်ဟာ လာမဲ့ဇွန်လမှာ အသက် ၈၀ ပြည့်မှာဖြစ်ပြီး အရာအားလုံး စစ်ဆေးပြီး ကောင်းမွန်တယ်လို့ ပြောခဲ့တာပါ။
ထရမ့်ပ်နဲ့ပတ်သက်ပြီး အသေးစား ကျန်းမာရေးပြဿနာတွေကို လူထုက အာရုံစိုက်ခဲ့ပြီးနောက် တနှစ်အကြာမှာ သူဟာ ဝေါ်တာရီး အမျိုးသားကျန်းမာရေးစင်တာမှာ ဆေးစစ်မှု ပြုလုပ်ခဲ့တာပါ။
ထရမ့်ပ်ဟာ ဒီစင်တာမှာ ၁၃ လအတွင်း ၃ ကြိမ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ၆ လ တကြိမ် ဆေးကုသမှုပြုလုပ်တဲ့ ထရမ့်ပ်ဟာ ဆေးကုသမှုပြီးစီးကြောင်း Truth ဆိုရှယ်မီဒီယာမှာ အကျဉ်းချုပ် ပြောခဲ့ပေမဲ့ အပြည့်အစုံ ဖော်ပြတာမျိုး မရှိပါဘူး။
ထရမ့်ပ်ဟာ ပြီးခဲ့တဲ့ဓာတ်ပုံတွေထဲမှာ လည်ပင်းမှာ အကွက်တွေဖြစ်နေတာနဲ့ ပတ်သက်ပြီး သူ့ကျန်းမာရေးကို မေးခွန်းထုတ်ခဲ့ကြတာပါ။
၂၀၂၅ ဇူလိုင်လက ပုံတွေမှာလည်း ခြေချင်းဝတ် ရောင်တာတွေ၊ သွေးခြည်ဥတဲ့ လက်တွေကို မိတ်ကပ်နဲ့ ဖုံးထားတာမျိုးတွေ ထွက်ပေါ်ခဲ့ပြီး ကျန်းမာရေးကို လူပြောများခဲ့တာပါ။
အိမ်ဖြူတော်ဆရာဝန် ဘာဘာဘယ်လာက ထရမ့်ပ်ဟာ လည်ပင်းက အကွက်တွေကို ကုသဖို့ ပုံမှန်လိမ်းဆေးကို ကြိုကာကွယ်တဲ့အနေနဲ့ သုံးထားတာလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ဇူလိုင်လက ထရမ့်ပ်ရဲ့ ခြေထောက်နဲ့လက်ပုံတွေ ပေါ်ထွက်ခဲ့ပြီးနောက် ဘာဘာဘယ်လာက သွေးပြန်ကြောတွေမှာ သွေးကြောပိတ်တဲ့ လက္ခဏာမရှိဘူးလို့ စာတစောင် ရေးသားဖော်ပြခဲ့ပါတယ်။
ဒုတိယအကြိမ် ဆေးစစ်ပြီးတဲ့နောက် ထရမ့်ပ်ရဲ့နှလုံးဟာ သူ့အသက်ထက် ၁၄ နှစ်လောက် ငယ်နေတာ တွေ့ရတယ်လို့လည်း ဘာဘာဘယ်လာက ပြောပါတယ်။
Source: Reuters











