
ဆိုမာလီယာနိုင်ငံ၊ ဘိုင်ဒိုအာမြို့မှာ သြဂုတ် ၁၇ ရက်က ဖယ်ဒရယ်တပ်ဖွဲ့တွေနဲ့ လက်နက်ကိုင် အတိုက်အခံ တိုက်ခိုက်ရေးသမားတွေကြား ပြင်းထန်တဲ့တိုက်ပွဲတွေ ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
သေနတ်ပစ်သံတွေ ထွက်လာချိန်မှာ လူတွေက နံရံဘေးမှာ ခိုလှုံနေတာကို ရိုက်တာသတင်းဌာနက အတည်ပြုထားတဲ့ ဗီဒီယိုထဲမှာ ပြသထားပါတယ်။
ဒီတိုက်ပွဲဟာ သမ္မတ အဗ္ဗဒီယာဇီဇ်ဟာဆန် မိုဟာမက် ရာထူးကနေ နုတ်ထွက်ခဲ့ရပြီး မတ်လမှာ ဖယ်ဒရယ်တပ်ဖွဲ့တွေက မြို့ကို ထိန်းချုပ်နိုင်ခဲ့တဲ့နောက်ပိုင်း အပြင်းထန်ဆုံး တိုက်ပွဲတွေထဲမှာ ပါဝင်ပါတယ်။
ဆိုမာလီယာနိုင်ငံက တခြားနေရာတွေမှာ ပဋိပက္ခနဲ့ မိုးခေါင်ရေရှားမှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ သိန်းနဲ့ချီတဲ့ လူတွေဟာ ဘိုင်ဒိုအာမြို့မှာ ရှိနေပါတယ်။
မြို့တွင်းအိုးမဲ့အိမ်မဲ့နေရာတွေက ကလေး ၄ ယောက်မှာ တယောက်က အာဟာရချို့တဲ့နေတယ်လို့ နယ်စည်းမခြား ဆရာဝန်များအဖွဲ့ (MSF) ရဲ့ ဇူလိုင်လ စစ်တမ်းမှာ တွေ့ရပါတယ်။ လူသားချင်းစာနာထောက်ထားမှု အခြေအနေ ပိုဆိုးရွားလာနိုင်တယ်လို့ အကူအညီပေးရေး အေဂျင်စီတွေက သတိပေးခဲ့ပါတယ်။
Source: Reuters











