DVB Logo
Home
အားကစား
VAR စနစ်ကို မကျေနပ်မှုများရှိနေဟု UEFA ဒိုင်လူကြီးချုပ် ရိုဆက်တီ ပြော
DVB
·
August 11, 2026
Photo: Reuters
Photo: Reuters
Donate to DVB

UEFA ဒိုင်လူကြီးချုပ် ရိုဘာတိုရိုဆက်တီဟာ ဥရောပထိပ်တန်းလိဂ်တွေက ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီးနောက် VAR စနစ်အပေါ် မကျေနပ်မှုတွေ ရှိနေတာကို ဝန်ခံခဲ့ပါတယ်။ VAR စနစ်က ဘောလုံးပွဲနဲ့ မသက်ဆိုင်တဲ့ ဆုံးဖြတ်ချက်တွေ ရှိနေတယ်လို့ သူက ပြောပါတယ်။

ပရိသတ်တွေအတွက် VAR စနစ် ဘယ်အချိန်မှာ ဝင်ရောက်သင့်တယ်၊ မဝင်ရောက်သင့်ဘူး ဆိုတာကို ရှင်းပြထားတဲ့ Clear Line ပေါ်တယ်ကိုလည်း ရိုဆက်တီက မိတ်ဆက်ခဲ့ပါတယ်။

ဒီလိုလုပ်တာက ဆုံးဖြတ်ချက်တွေ ပိုမိုတသမတ်တည်း ဖြစ်လာဖို့ ရည်ရွယ်တာပါ။ ရိုဆက်တီက VAR စနစ်ကို “ဘောလုံးပွဲပါ၊ ပလေးစတေရှင် မဟုတ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

အသေးအမွှား အခြေအနေတွေကို ရှောင်ရှားပြီး ရှင်းလင်းတဲ့ အမှားတွေအတွက်ပဲ VAR ကိုသုံးဖို့ သူက တိုက်တွန်းပါတယ်။

VAR ပြန်ကြည့်ချိန် ၉၀ စက္ကန့်ထက်ကျော်ရင် ယုံကြည်မှု ပျက်ပြားနိုင်တယ်လို့လည်း ရိုဆက်တီက သတိပေးခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ VAR ဝင်ရောက်မှုနှုန်း အနိမ့်ဆုံးဖြစ်ပြီး ချန်ပီယံလိဂ်မှာတော့ အမြင့်ဆုံး ဖြစ်နေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013