
မနေ့ညက ကစားခဲ့တဲ့ FA ဖလား ကွာတားဖိုင်နယ်မှာ မန်စီးတီးကို ၄ ဂိုးပြတ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် လီဗာပူးကွင်းလယ်လူ ဆိုဘိုစလိုင်းက အသင်းသားတွေရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ အားနည်းမှုကို ဝေဖန်လိုက်ပါတယ်။
ဟာလန်းရဲ့ ဟက်ထရစ်ဂိုးတွေနဲ့အတူ မန်စီးတီးကို (၄-၀)ဂိုးနဲ့ နိမ့်ခဲ့တဲ့ ဒီပွဲမှာ လီဗာပူးပရိသတ် အများအပြားဟာ ပွဲမပြီးခင်မှာတင် ကွင်းထဲက ထွက်ခွာသွားခဲ့ကြတာပါ။
ဆိုဘိုစလိုင်းက “ကျနော်တို့မှာ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံလောက်မှု မရှိခဲ့ပါဘူး၊ ဘယ်သူမှ အစွမ်းကုန် မကြိုးစားခဲ့ကြဘူး” လို့ ပွင့်ပွင့်လင်းလင်း ပြောပါတယ်။
နည်းပြ အာနယ်ဆလော့ကလည်း ဒီရလဒ်ဟာ ယုံကြည်နိုင်စရာမရှိအောင် စိတ်ပျက်ဖို့ကောင်းတယ်လို့ ဝန်ခံခဲ့ပြီး လာမဲ့သီတင်းပတ်မှာ ကစားမဲ့ PSG နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အမှားပြင်ဆင်ဖို့ ကြိုးစားသွားရမှာ ဖြစ်ပါတယ်။











