မန်ယူနည်းပြသစ် ပိုချက်တီနို ပွဲဦးထွက်တွင် လီဗာပူးကို ဂိုးပြတ်ရှုံးနိမ့်

မန်ချက်စတာယူနိုက်တက်နည်းပြသစ် ပိုချက်တီနိုဟာ သူ့ရဲ့ ပွဲဦးထွက်မှာ လီဗာပူးအသင်းကို ၄-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။
ပွဲအစ ၈ မိနစ်မှာတင် နောက်ခံလူ ယိုရို အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာကြောင့် အသင်းဟာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတာပါ။ ဒီရလဒ်ကြောင့် မန်ယူဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၁၉ နေရာမှာ ရပ်တည်နေပြီး တန်းဆင်းဇုန်ထဲမှာဘဲ ဆက်လက် ရှိနေပါတယ်။
နည်းပြ ပိုချက်တီနိုကတော့ ၁၀ ယောက်နဲ့ ၈၀ မိနစ်ကြာ ကစားခဲ့ရတာဟာ မမျှတကြောင်း ပွဲအပြီးမှာ ခုခံပြောဆိုသွားခဲ့ပါတယ်။
ကစားသမားဟောင်း ရွိုင်ကိန်းကတော့ အသင်းရဲ့ ခြေစွမ်းအပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ကစားသမားတွေအနေနဲ့ တာဝန်ယူမှုရှိဖို့ လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။
မန်ယူဟာ ဒီရာသီမှာ ဥရောပထိပ်တန်းလိဂ် ၅ ခုအတွင်း ဂိုးအများဆုံး ပေးထားရတဲ့အသင်း ဖြစ်လာပါတယ်။











