မန်ယူနည်းပြသစ် ပိုချက်တီနို၏ လေ့ကျင့်ခန်းအစီအစဉ် ဗွီဒီယို ပေါက်ကြား
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ ပြုလုပ်တဲ့ နည်းပြသစ် မော်ရီစီယို ပိုချက်တီနိုရဲ့ လေ့ကျင့်ခန်းအစီအစဉ် ဗွီဒီယိုတွေ အင်တာနက်ပေါ် ပျံ့နှံ့လာပါတယ်။
လီဗာပူးအသင်းနဲ့ပွဲစဉ် မတိုင်ခင် အခုလို လေ့ကျင့်ရေးဗွီဒီယို ပေါက်ကြားလာတာဟာ အသင်းအတွက် လုံခြုံရေးပိုင်းဆိုင်ရာ အကြီးအကျယ် ချိုးဖောက်ခံရတာ ဖြစ်ပါတယ်။
လေ့ကျင့်ရေးကွင်းအပေါ်မှာ ဒရုန်းယာဉ် ပျံသန်းရိုက်ကူးခဲ့တာဖြစ်ပြီး ၁၂ မိနစ်စာ ဗွီဒီယိုဖိုင်တွေ ထွက်ပေါ်လာတာပါ။
အဆိုပါ ဗွီဒီယိုဖိုင်ထဲမှာတော့ နည်းပြ ပိုချက်တီနိုနဲ့ နည်းပြအဖွဲ့ဝင်တွေ၊ ကစားသမားတွေကို လက်တွေ့လေ့ကျင့်ပေးနေတဲ့ ပုံစံတွေကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရပါတယ်။











