မန်ယူ နိုင်ပွဲရရန် အလေ့အကျင့်ကောင်း တည်ဆောက်မည်ဟု ပိုချက်တီနို ပြော
ပရီးမီးယားလိဂ် အဆင့် ၁၈ နေရာ ရောက်နေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို နိုင်ပွဲတွေ ရရှိအောင် အကောင်းဆုံး အလေ့အကျင့်နဲ့ အသင်းရဲ့ ယဉ်ကျေးမှုတရပ် တည်ဆောက်သွားမယ်လို့ နည်းပြသစ် မော်ရီစီယို ပိုချက်တီနိုက ပြောကြောင်း BBC အားကစားသတင်းမှာ ဖော်ပြပါတယ်။
အမေရိကန်လက်ရွေးစင်အသင်း နည်းပြတာဝန် ပြီးဆုံးပြီးနောက် ယူနိုက်တက်အသင်းထံ ရောက်ရှိလာတဲ့ အသက် ၅၄ နှစ်အရွယ် အာဂျင်တီးနားနည်းပြဟာ အသင်းရဲ့ မီဒီယာနဲ့ ပထမဆုံး တွေ့ဆုံမေးမြန်းခန်းမှာ အခုလို ပြောကြားခဲ့တာပါ။
စနေနေ့ပွဲစဉ်ရလဒ်တွေအရ ဇယားအောက်ဆုံးအထိ ရောက်သွားနိုင်ခြေရှိနေတဲ့ ယူနိုက်တက်အသင်းဟာ လာမဲ့ တနင်္ဂနွေနေ့မှာတော့ လီဗာပူးအသင်းနဲ့ အဝေးကွင်းပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။
Source: BBC











