မန်စီးတီးပိုင်ရှင်များ၏ ပေါင် ၁ ဘီလီယံခွဲ ချေးငွေသဘောတူညီချက် ဖျက်သိမ်းခံရ
DVB
·
November 20, 2026
မန်ချက်စတာစီးတီးအသင်းပိုင်ရှင်တွေရဲ့ ပေါင် ၁ ဘီလီယံခွဲ တန်ဖိုးရှိတဲ့ ချေးငွေ သဘောတူညီချက်ကို ရုပ်သိမ်းလိုက်ပါပြီ။
ပရီးမီးယားလိဂ်ရဲ့ ငွေကြေးဆိုင်ရာ စွဲချက်တွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီးနောက် ငွေကြေးဈေးကွက်က မန်စီးတီးကို ငွေကြေးဆိုင်ရာ အန္တရာယ်တခုအဖြစ် သတ်မှတ်လာတာ ဖြစ်ပါတယ်။
အမေရိကန် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုအုပ်စု Apollo Global Management ရဲ့ ဆုံးဖြတ်ချက်ကြောင့် အခုလို ချေးငွေသဘောတူညီချက် ဖျက်သိမ်းခံရတာပါ။ မန်စီးတီးအသင်းအတွက် ငွေကြေးဆိုင်ရာ စိန်ခေါ်မှုအသစ်တွေနဲ့ ထပ်မံရင်ဆိုင်လာရတာ ဖြစ်ပါတယ်။











