
မန်စီးတီးအသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို ၃ ဂိုး- ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တိုက် ရှုံးပွဲကြုံတွေ့ခဲ့ပြီး ဇယားထိပ်က အာဆင်နယ်အသင်းနဲ့ ၆ မှတ်အထိ ကွာခြားသွားခဲ့ပါတယ်။
နော်တင်ဟမ်ဖောရက်စ်အတွက် အနိုင်ဂိုးတွေကို လီယမ်ဒီလပ်က ၂ ဂိုးနဲ့ ဂျားကွန်ညာက ၁ ဂိုး သွင်းယူပေးခဲ့တာပါ။
မန်စီးတီးအတွက် ချေပဂိုး ၁ ဂိုးကိုတော့ ရာယန်ချာကီက သွင်းယူခဲ့ပါတယ်။
မန်းစီးတီး နည်းပြ အန်ဇိုမာရက်စကာကတော့ အသင်းရဲ့ ပထမပိုင်းကစားပုံ ညံ့ဖျင်းခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ပြီးတော့ ကစားသမားတွေရဲ့ အချင်းချင်း ယှဉ်ပြိုင်လိုစိတ် နည်းပါးခဲ့တာကြောင့် အခုလို ရှုံးနိမ့်ခဲ့တာလို့ ပွဲအပြီးမှာ ပြောသွားခဲ့ပါတယ်











