မန်စီးတီးအပေါ် ထားရှိသည့် ခံစားချက် ဘယ်တော့မှ မပြောင်းလဲဟု ဒီဘရိုင်းပြော

မန်ချက်စတာစီးတီးအသင်းဟာ ငွေကြေးစည်းမျဉ်း ချိုးဖောက်မှုကြောင့် တရားစွဲဆိုခံထားရပြီး ဆုဖလားတွေ ပြန်သိမ်းခံရနိုင်ခြေ ရှိနေပါတယ်။
ကွင်းလယ်ကစားသမားဟောင်း ဒီဘရိုင်းကတော့ အသင်းအပေါ် ထားရှိတဲ့ သူ့သံယောဇဉ်တွေ ဘယ်တော့မှ မပြောင်းလဲဘူးလို့ ပြောပါတယ်။
အသက် ၃၅ နှစ်အရွယ် ဒီဘရိုင်းဟာ မန်စီးတီးမှာ ဆယ်စုနှစ်တခုကြာ ကစားခဲ့ပြီး ဆုဖလား ၁၆ လုံး အထိ ရယူပေးခဲ့သူပါ။ ၂၀၂၅ ခုနှစ်မှာ နာပိုလီအသင်းဆီ ပြောင်းရွှေ့သွားခဲ့တဲ့ သူဟာ ချန်ပီယံလိဂ် ပွဲစဉ်အတွက် အီတီဟတ်ကွင်းကို ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။
ဒီဘရိုင်း ကတော့ ကွင်းအတွင်းမှာ သူတို့အသင်းရဲ့ ကြိုးစားမှုတွေကို ဘယ်သူမှ မငြင်းနိုင်ကြောင်းနဲ့ ပရိသတ်တွေရဲ့ အမြင်တွေကတော့ တဦးချင်းစီရဲ့ သဘောထားသာ ဖြစ်ကြောင်း ဆိုပါတယ်။
မန်စီးတီးအသင်းဟာ ဒီဘရိုင်းကို ဂုဏ်ပြုတဲ့အနေနဲ့ အီတီဟတ်ကွင်းအပြင်ဘက်မှာ ရုပ်တုတခု တည်ဆောက်ပေးသွားဖို့ စီစဉ်ထားပါတယ်။
Source:Reuters











