မန်စီးတီးအသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ဟာလန်းဟာ အသင်းရဲ့ ဘဏ္ဍာရေးစည်းမျဉ်း စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
သူဟာ ဒီကိစ္စနဲ့ ပတ်သက်လို့ ဘာမှ အများကြီးမသိကြောင်း စွပ်စွဲချက်တွေနဲ့ ခပ်ကင်းကင်းနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ မန်စီးတီးမှာ လက်ရှိ အလွန်ပျော်ရွှင်နေတယ်လို့ ပြောပါတယ်။
ဟာလန်းဟာ စွပ်စွဲခံထားရတဲ့ ၂၀၀၉ ကနေ ၂၀၁၈ ခုနှစ်အထိ ကာလအတွင်း သူကစားခဲ့တဲ့ အသင်းတွေကို ၂ မိနစ်ကျော်ကြာ ရေတွက်ပြခဲ့ပါတယ်။ သူက ဒီမေးခွန်းကို ဖြေရမှာလားလို့ မေးခဲ့ပြီး လက်ရှိအသင်းမှာ ရှိနေရတာ အင်မတန် ပျော်ရွှင်မိကြောင်း ပြောသွားခဲ့တာပါ။











