DVB Logo
Home
နိုင်ငံတကာ
ဂျပန်သို့ တရုတ် မြေရှားတင်ပို့မှု ၈၀ ရာခိုင်နှုန်းကျော် ကျဆင်း
DVB
·
June 8, 2026
Photo: REUTERS/Stringer/File Photo
Photo: REUTERS/Stringer/File Photo
Donate to DVB

၂၀၂၆ မတ်လနဲ့ ဧပြီလမှာ တရုတ်ကနေ ဂျပန်ဆီကို မြေရှားသတ္တုတင်ပို့မှုဟာ ပြီးခဲ့တဲ့နှစ် ကာလတူထက် ၈၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားခဲ့ကြောင်း သိရပါတယ်။

ဒါဟာ အရပ်ဘက်နဲ့ စစ်ဘက် နှစ်မျိုးသုံးပစ္စည်းဆိုင်ရာ (Dual-Use Items) စည်းမျဉ်းတွေအပေါ် အခြေခံပြီး မြေရှားသတ္တု ၇ မျိုး တင်ပို့ခွင့် ကန့်သတ်ချက်တွေ ပိုမိုတင်းကျပ်ထားတာကြောင့် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ နိုဝင်ဘာလအတွင်း ထိုင်ဝမ်မှာ အရေးပေါ်အခြေအနေ ဖြစ်လာနိုင်တာနဲ့ ပတ်သက်ပြီး ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိရဲ့ မှတ်ချက်ကြောင့် တရုတ်ဘက်က စီးပွားရေးအရ ဖိအားပေးမှုကို တိုး​မြှင့်လာတာပါ။

အခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ရှားပါးသတ္တု ၇ မျိုး တင်ပို့မှုဟာ ပြီးခဲ့တဲ့နှစ် ကာလတူထက် ၃၄ ရာခိုင်နှုန်းလောက် လျော့ကျသွားခဲ့ပါတယ်။

အထူးသဖြင့် မတ်လမှာ ၈၈ ရာခိုင်နှုန်းနဲ့ ဧပြီလမှာ ၈၂ ရာခိုင်နှုန်းအထိ ပိုပြီး သိသိသာသာ ကျဆင်းခဲ့တာပါ။

ကမ္ဘာ့မြေရှားသတ္တု ထုတ်လုပ်မှု ၇၀ ရာခိုင်နှုန်းနဲ့ ပြုပြင်သန့်စင်မှု (Processing and Refining) ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံကပဲ ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

တရုတ်အကောက်ခွန်ဦးစီးဌာနရဲ့  အချက်အလက်တွေအရ ကန့်သတ်ထားတဲ့ မြေရှားသတ္တု ပို့ကုန် ၇ မျိုးထဲမှာ ဒစ္စပရိုဆီယမ် (Dysprosium) နဲ့ တာဘီယမ် (Terbium) တို့ ပါဝင်ကြောင်း ဖော်ပြထားပါတယ်။

EV လျှပ်စစ်ကား မော်တာတွေရဲ့ သံလိုက်အတွက် အသုံးပြုလေ့ရှိတဲ့ ဒီသတ္တု ၂ မျိုးဟာ ဇန်နဝါရီလကစပြီး လုံး၀တင်ပို့မှု မရှိတော့ဘဲ သုညအထိကို ထိုးကျသွားခဲ့ပါတယ်

အလားတူ အစ်ထရီယမ် (Yttrium) တင်ပို့မှုဆိုရင်လည်း ၉၀ ရာခိုင်နှုန်းနဲ့အထက် ထိုးကျသွားတာ တွေ့ရပါတယ်။

အဲဒီရှားပါးသတ္တုဟာ လေဆာတပ်ဆင်ထားတဲ့ ဆေးဘက်ဆိုင်ရာကိရိယာတွေ၊ ချစ်ပ်ပြား ထုတ်လုပ်တဲ့ စက်ပစ္စည်းတွေမှာသာမက လေကြောင်းနဲ့ အာကာသ နယ်ပယ်အတွက်ပါ အလွန်အရေးကြီးပါတယ်။

ဒါကြောင့် အိန္ဒိယနဲ့ ဩစတြေးလျလိုမျိုး အစားထိုးဝယ်ယူနိုင်မဲ့ အရင်းအမြစ်တွေကို ဂျပန်ကုမ္ပဏီတွေက ရှာဖွေနေပေမဲ့လည်း အလွယ်တကူ ရရှိမှာတော့ မဟုတ်ပါဘူး။

ကမ္ဘာပေါ်မှာ မြေရှားသတ္တု ထုတ်လုပ်မှု အများဆုံး တတိယမြောက်နိုင်ငံဟာ ဩစတြေးလျဖြစ်ပြီး အိန္ဒိယကတော့ ဆဋ္ဌမမြောက်အဖြစ် ရပ်တည်နေတာကို တွေ့ရပါတယ်

ဒါ့အပြင် မြေရှားသတ္တုကို တဖန်သန့်စင်ပြီး ပြန်အသုံးပြုမဲ့ Recycle နည်းလမ်းကလည်း နောက်ထပ် အစားထိုးရွေးချယ်စရာ ဖြစ်လာခဲ့ပါတယ်။

မကြာသေးခင်ကပဲ Mitsubishi Material ဂျပန်ကုမ္ပဏီ​ကြီးဟာ Recycle နည်းပညာကို ပိုင်ဆိုင်ထားတဲ့ အမေရိကန်ကုမ္ပဏီတခုမှာ ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013