DVB Logo
Home
နိုင်ငံတကာ

တရုတ်နှင့် တောင်ကိုရီးယား လွတ်လပ်သည့်ကုန်သွယ်ရေးသဘောတူညီချက် (FTA) ဒုတိယအဆင့် အပြီးသတ်ဆွေးနွေး 

DVB
·
November 19, 2026
တရုတ်နှင့် တောင်ကိုရီးယား လွတ်လပ်သည့်ကုန်သွယ်ရေးသဘောတူညီချက် (FTA) ဒုတိယအဆင့် အပြီးသတ်ဆွေးနွေး 
Donate to DVB

တရုတ်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံတို့ဟာ နှစ်နိုင်ငံ လွတ်လပ်တဲ့ ကုန်သွယ်မှု သဘောတူညီချက် (FTA) ဆိုင်ရာ ဒုတိယအဆင့် ညှိနှိုင်းဆွေးနွေးမှုတွေကို အဓိကအားဖြင့် အပြီးသတ်နိုင်ခဲ့ပြီလို့ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၈ ရက်မှာပြောပါတယ်။ 

ဒီလုပ်ဆောင်ချက်ဟာ နိုင်ငံနှစ်ခုစလုံးက စီးပွားရေးလုပ်ငန်းတွေအတွက် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးမှာ ဖြစ်တဲ့အပြင်၊ နှစ်နိုင်ငံ စီးပွားရေးနဲ့ ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှု အခြေခံ အုတ်မြစ်ကို ခိုင်မာစေမှာပါ။ 

ဒါ့အပြင် တရုတ်-တောင်ကိုရီးယား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး တည်တည်ငြိမ်ငြိမ် ဖွံ့ဖြိုးတိုးတက်လာစေဖို့ တွန်းအားသစ်တခု ဖြစ်လာလိမ့်မယ်လို့ ဝန်ကြီးဌာန တာဝန်ရှိသူက ပြောပါတယ်။ 

ဒီအောင်မြင်မှုက ဘက်ပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒနဲ့ လွတ်လပ်တဲ့ ကုန်သွယ်မှုကို တက်တက်ကြွကြွ ထိန်းသိမ်းမြှင့်တင်ဖို့ နှစ်ဖက်စလုံးက လုပ်တဲ့ လက်တွေ့ကျတဲ့ ခြေလှမ်းတခုပါ။

တချိန်တည်းမှာ ဘက်ပေါင်းစုံ ကုန်သွယ်မှုစနစ်ကို ကာကွယ် စောင့်ရှောက်ရင်း တဖက်သတ်ဝါဒနဲ့ ကာကွယ်ရေးဝါဒတို့ကို ပူးပေါင်းဆန့်ကျင်တဲ့ ခိုင်မာတဲ့ လုပ်ဆောင်ချက် တခုလည်း ဖြစ်တယ်လို့ သူကပြောပါတယ်။

အဓိက ညှိနှိုင်းဆွေးနွေးမှုတွေ အောင်အောင်မြင်မြင် ပြီးဆုံးသွားပြီဖြစ်လို့ နှစ်က်စလုံးက အဆင့်မြှင့် တင်ထားတဲ့ သဘောတူညီချက်ကို တရားဝင် လက်မှတ်ရေးထိုးနိုင်ဖို့ ပြင်ဆင်သွားမယ်လို့ တာဝန်ရှိသူ တယောက် ထပ်ပြောပါတယ်။ 

တရုတ်-တောင်ကိုရီးယား လွတ်လပ်တဲ့ ကုန်သွယ်ရေး သဘောတူညီချက် (FTA) ကို ၂၀၁၅ ခုနှစ်၊ ဇွန် ၁ ရက်မှာ လက်မှတ်ရေးထိုးခဲ့ပြီး၊ အဲဒီနှစ် ဒီဇင်ဘာ ၂၀ ရက်မှာ တရားဝင် အသက်ဝင်ခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ တရားဝင် စာရင်းအင်းအချက်အလက်တွေအရ တရုတ်နဲ့ တောင်ကိုရီးယားအကြား နှစ်နိုင်ငံ ကုန်သွယ်မှုတန်ဖိုးဟာ ၂၀၂၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၃၃၁ ဒသမ ၂၄ ဘီလီယံ ရှိခဲ့တာပါ။ 

၂၀၂၆ ခုနှစ် ပထမ ၁၀ လအတွင်း နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၄၄၀ ဒသမ ၉ ဘီလီယံရှိခဲ့ပြီး၊ အရင်နှစ် အလားတူကာလနဲ့ နှိုင်းယှဉ်ရင် ၆၃ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ ပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013