DVB Logo
Home
မြန်မာသတင်း
ညောင်တုန်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၁ လုံးထက်မနည်း ပျက်စီး
DVB
·
August 24, 2026
ညောင်တုန်းတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၁ လုံးထက်မနည်း ပျက်စီး
1 / 4
Photo: MFSD
Donate to DVB

ဧရာဝတီတိုင်း မအူပင်ခရိုင် ညောင်တုန်းမြို့နယ်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၁၁ လုံးထက်မနည်း အမိုးလန် ပြိုကျ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သြဂုတ် ၂၃ ရက် မနက်က ညောင်တုန်းမြို့နယ် ဝါးတောကျေးရွာနဲ့ ကွင်းကလေးကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းကာ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် ၁၁ လုံးထက်မနည်း အမိုးလန်၊ ပြိုကျခဲ့တာလို့ ဆိုပါတယ်။

ကူညီဆောင်ရွက်ပေးသူတယောက်က “အိမ်တွေပဲ ပျက်စီးတာ။ ဖယ်ရှားရှင်းလင်းတာတွေ လုပ်နေပါတယ်။ သစ်ပင်တွေ လဲကျမှု ဖြစ်ပွားတာတွေ ရှိတယ်” လို့ ပြောပါတယ်။

လေပြင်းဒဏ်ကြောင့် သွပ်မိုး၊ ဝါးအိမ်တွေနဲ့ သွပ်မိုး၊ ဓနိအိမ်တွေပါ အမိုးလန် ပြိုကျပျက်စီးခဲ့ပြီး လူနဲ့ တိရစ္ဆာန်တွေ ထိခိုက်သေဆုံးမှု မရှိဘူးလို့ ဆိုပါတယ်။

ဒေသခံ အရပ်သားတယောက်က “မိုးကတော့ ရွာနေတာ မနက်ကတည်းက ရွာနေတာ။ လေ ရုတ်တရက် တိုက်သွားတာ။ လောလောဆယ် မိသားစုတွေရဲ့ အိမ်တွေမှာ ခေတ္တနေနေရတယ်” လို့ ပြောပါတယ်။

လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့ နေအိမ်တွေ၊ လဲကျသွားတဲ့ သစ်ပင်တွေကို ညောင်တုန်းမြို့နယ် မီးသတ်ဌာန လက်အောက်ခံ ဆားမလောက်နယ်မြေ မီးသတ်စခန်းက မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေ ပူးပေါင်းရှင်းလင်း ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။

မုတ်သုံလေ အားကောင်းနေမှုနဲ့ မိုးတိမ်တောင်တွေ ဖြစ်ထွန်းမှုကြောင့် မြန်မာနိုင်ငံ ဒေသတချို့မှာ မိုးထစ်ချုန်းရွာသွန်းတာနဲ့ လေပြင်းတိုက်ခတ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သြဂုတ် ၂၄ ရက် မနက်ပိုင်းမှာ ထုတ်ပြန် သတိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၄ ရက် မနက်ပိုင်းကလည်း ရုတ်တရက် မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ညောင်တုန်းမြို့နယ် ပါလှဲ့အောက်စု အခြေခံပညာအထက်တန်းကျောင်းက ကျောင်းဆောင် တဆောင်လုံးနီးပါး အမိုးလန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013