DVB Logo
Home
နိုင်ငံတကာ
အီရန်ရှေးဟောင်းအမွေအနှစ်နေရာ ၁၀၀ ကျော် တိုက်ခိုက်ခံရပြီး ပျက်စီး
DVB
·
March 20, 2026
Photo: CCTV, CGTN, PHOENIX TV
Photo: CCTV, CGTN, PHOENIX TV
Donate to DVB

အီရန်နိုင်ငံမှာ မကြာသေးခင်က ကြုံတွေ့ခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အီရန်နိုင်ငံအတွင်းရှိ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် နေရာပေါင်း ၁၀၀ ကျော် ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ အီရန်ယဉ်ကျေးမှုအမွေအနှစ်၊ ခရီးသွားလုပ်ငန်းနဲ့ လက်မှုပညာဆိုင်ရာ ဝန်ကြီးဌာနက ပြောပါတယ်။

မတ် ၁၇ ရက်အထိ စာရင်းတွေအရ ပြည်နယ် ၁၂ ခုနဲ့ မြို့ပေါင်း ၁၇ မြို့မှာ ထိခိုက်ပျက်စီးသွားရတဲ့ အရေအတွက်မှာ ၁၀၈ ခုအထိ မြင့်တက်လာပါတယ်။

အမေရိကန်နဲ့ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် တီဟီရန်မှာ ပျက်စီးဆုံးရှုံးမှုတွေကို အဆိုးရွားဆုံး ခံစားခဲ့ရပြီး ပြတိုက် ၃၄ ခု အပါအဝင် ရှေးဟောင်းသမိုင်းဝင် အဆောက်အအုံ ၆၀ ထိခိုက်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

တီဟီရန်မှာတင် နေရာပေါင်း ၆၀ ပျက်စီးခဲ့ပြီး အစ္စဖာဟန်မှာ ၂၀၊ ကာဒစ္စတန်မှာ ၁၂ ခုနဲ့ ကာမန်ရှားမှာ ၄ ခု အကြီးအကျယ် ထိခိုက်ခဲ့ပါတယ်။

ဝမ်းနည်းစရာက UNESCO ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာ ၄ ခု ပါဝင်နေတာပါလို့ အီရန်နိုင်ငံရဲ့ ယဉ်ကျေးမှုအမွေအနှစ်၊ ခရီးသွားလုပ်ငန်းနဲ့ လက်မှုပညာဆိုင်ရာ ဒုတိယဝန်ကြီး အလီ ဒါရာဘီက တရုတ်ရုပ်သံကွန်ရက် (CGTN) သတင်းထောက်ကို ပြောပါတယ်။

ရှေးဟောင်းအမွေအနှစ်တွေဟာ တည်ဆောက်ပုံအရ ကြံ့ခိုင်မှုအားနည်းတာကြောင့်  အင်အားပြင်း လက်နက်တွေရဲ့ ဒဏ်ကို မခံနိုင်ဘူးလို့ ဒုဝန်ကြီး ဒါရာဘီက ထောက်ပြပါတယ်။

အထူးသဖြင့် "Bunker-buster" လို့ခေါ်တဲ့ မြေအောက်အမာခံစခန်းဖျက်ဗုံးတွေဟာ ခေတ်ပေါ်အဆောက်အအုံတွေကိုတောင် ဖျက်ဆီးနိုင်တာမို့ နှစ်ပေါင်းများစွာ သက်တမ်းရှိတဲ့ ရှေးဟောင်းအဆောက်အအုံတွေဆိုရင် ပိုပြီးစိုးရိမ်ရတယ်လို့ ဆိုပါတယ်။

UNESCO ကလည်း မတ်လအစောပိုင်းမှာ တီဟီရန်ရှိ ဂိုလက်စ်တန်နန်းတော် (ကမ္ဘာ့အမွေအနှစ်နေရာ) ထိခိုက်ခဲ့တဲ့နောက် ယဉ်ကျေးမှုအမွေအနှစ်တွေကို ကာကွယ်ရေးအတွက် စိုးရိမ်မှု ပြသခဲ့ပါတယ်။

ဒါရဘီကတော့ အီရန်ဘက်က UNESCO နဲ့ ပူးပေါင်းပြီး အမွေအနှစ်နေရာတွေကို ပိုပြီး ကာကွယ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

Source: Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013