DVB Logo
Home
အားကစား
ရီးရဲလ်ဆီ ပြောင်းရွှေ့ရန် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး အိုလီဆေး ဆန္ဒရှိ
DVB
·
July 17, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပြင်သစ်တိုက်စစ်ကစားသမား မိုက်ကယ်အိုလီဆေးဟာ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ အလွန်အမင်း စိတ်အားထက်သန်နေပါတယ်။ 

အသက် ၂၄ နှစ်အရွယ်ရှိတဲ့ အိုလီဆေးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကစားနေရင်း ပြင်သစ်အသင်းဖော်တွေကို သူ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းချင်တဲ့အကြောင်း ဖွင့်ဟပြောဆိုခဲ့တာပါ။

ပြင်သစ်အားကစားသတင်းဌာန လကစ်ပ်ရဲ့ ဖော်ပြချက်အရ အိုလီဆေးဟာ ရီးရဲလ်မက်ဒရစ်ရဲ့ အခြေအနေတွေကို သိရှိဖို့ ပြင်သစ်အသင်းဖော်တွေဆီကနေ အချက်အလက်တွေ စုံစမ်းနေပါတယ်။

သူဟာ စပိန်ထိပ်သီးကလပ်ဆီ ပြောင်းရွှေ့ဖို့ကို အဓိက အာရုံစိုက်နေတာ ဖြစ်ပါတယ်။ ဒီအပြောင်းအရွှေ့သာ တကယ်ဖြစ်လာရင်တော့ ကမ္ဘာ့ဘောလုံးလောကမှာ အလွန်လှုပ်ခတ်သွားမဲ့ သတင်းတခု ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013