
အီရန်ဟာ အစ္စရေး၊ အမေရိကန်တို့နဲ့ လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲကို အဆုံးသတ်ဖို့ အခြေအနေတွေကို စီစဉ်ရေးဆွဲနေပြီလို့ အီရန်စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက မတ် ၂၇ ရက်မှာ ပြောကြားလိုက်ပါတယ်။
အီရန်ဟာ အင်အားကြီးမားတဲ့ စွမ်းဆောင်ရည်နဲ့ စစ်မြေပြင်မှာ အဆုံးသတ်ရလဒ်ကို ဆုံးဖြတ်နိုင်တဲ့ အားသာချက် ရှိနေတယ်လို့ ၂ နိုင်ငံကို သတိပေးလိုက်ပြီး ဒီအမှန်တရားကို အမေရိကန်နဲ့ အစ္စရေးတို့ က “မဖြစ်မနေ” လက်ခံရလိမ့်မယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် အမေရိကန်နဲ့ အစ္စရေးတို့ဟာ လက်တွေ့တိုက်ပွဲတွေထဲမှာ အီရန်စစ်တပ်နဲ့ အီရန်ပြည်သူ တွေရဲ့အင်အားကို ကောင်းကောင်းကြီး သိသွားကြပြီလို့လည်း ပြောကြားလိုက်ပြီး ဒါကြောင့် အဖြစ်မှန်ကို လက်ခံလိုက်ပြီးတော့ အချိန်မီ အသိတရားဝင်ကြဖို့လည်း တိုက်တွန်းတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နဲ့ အစ္စရေးတို့ ပူးပေါင်းပြီး အီရန်ကို လေကြောင်းကနေ စတင် တိုက်ခိုက်ခဲ့ရာကနေ အခုဆိုရင် တလတိတိ ကြာမြင့်လာခဲ့ပြီဖြစ်ပြီး အီရန်ဘက်ကလည်း အရှေ့ အလယ်ပိုင်းဒေသရှိ အစ္စရေးနဲ့ အမေရိကန် ပစ်မှတ်တွေကို တုံ့ပြန် တိုက်ခိုက်နေပါတယ်။
Source: Reuters











