DVB Logo
Home
Lead Story
Yangon Media Group သတင်းထောက်အပါအဝင် ၃ ဦး ဖမ်းဆီး စစ်ဆေးခံရ
DVB
·
November 3, 2026
Photo: Yangon Media Group
Photo: Yangon Media Group
Donate to DVB

Yangon Media Group က တာဝန်ခံနဲ့ သတင်းထောက် အပါအဝင် ၃ ယောက်ကို ပြီးခဲ့တဲ့ရက်ပိုင်းက ဖမ်းဆီးခဲ့တယ်လို့ စစ်အာဏာရှင်တပ်နဲ့ နီးစပ်တဲ့ အသိုက်အဝန်းကဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ရက်သတ္တပတ်က စားအုန်းဆီသတင်း ရေးသားဖော်ပြမှုကြောင့် ဗန္ဓုလတံတား အဆင်းနားမှာရှိတဲ့ Yangon Media Group ရုံးကို အရပ်ဝတ်တွေနဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး ရေးတဲ့သတင်းထောက်နဲ့ တာဝန်ရှိသူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

စသုံးလုံး တာဝန်ရှိသူတယောက်က “စားအုန်းဆီဈေးနှုန်းနဲ့ ပတ်သက်ပြီးတော့ ငြိ‌တာပေါ့။ အပြင်ပေါက်ဈေးက ဘယ်လောက်၊ ရည်ညွှန်းဈေးက ဘယ်လောက် ဆိုပြီးတော့ပေါ့။ အဓိက ရေးတဲ့ သတင်းထောက်နဲ့ တာဝန်ရှိသူ‌‌ကို ဖမ်းတာ။ ဒါပေမဲ့ ပြင်ပဈေးကွက်မှာလည်း စားအုန်းဆီဈေးနှုန်းက တပိဿာကို တသောင်းကျော်နေပြီ။ အခုခေတ်က သိတဲ့အတိုင်းပဲ။ ရေးချင်တိုင်း ရေးလို့မရဘူး။ ဘာမဟုတ်တာလေးနဲ့လည်း ဖမ်းချင်ဖမ်းနေမှာ။ သတိထားဖို့တော့ လိုတာပေါ့” လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ သတင်းထောက်ကိုတော့ ခံဝန်နဲ့ ပြန်လွှတ်ပေးထားပြီး တာဝန်ခံကိုတော့ စစ်ဆေးမေးမြန်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ပြည်ပကနေ စားအုန်းဆီတင်သွင်းမှုကို ၃၀ ရာခိုင်နှုန်းကျော် ရုတ်တရက် လျှော့ချပြီးနောက် ဆီကုန်သည်တွေနဲ့ သယ်ယူပို့ဆောင်သူတွေကို စစ်အာဏာရှင်က လိုက်လံဖမ်းဆီးနေတာကြောင့် စားအုန်းဆီဈေးကွက်အတွင်းမှာ အရောင်းအဝယ် ရပ်ဆိုင်းတာတွေ ရှိလာသလို ဈေးနှုန်းကလည်း မြင့်တက်နေပါတယ်။

စားအုန်းဆီဈေးနှုန်းကစားတာ၊ ကြီးကြပ်ဖို့ပျက်ကွက်တာ၊ အဂတိလိုက်စားမှု၊ ရာထူးအာဏာ အလွဲသုံးစားလုပ်မှု၊ တရားမဝင် နိုင်ငံခြားငွေကိုင်ဆောင်မှုနဲ့ စစ်စည်းကမ်းဖောက်ဖျက်မှုတို့ကြောင့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုး တို့ကို စစ်တရားရုံးက ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၀ ရက်နေ့မှာ ထောင်ဒဏ် တသက်တကျွန်း (နှစ် ၂၀) စီ ချမှတ်ခဲ့ပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013