DVB Logo
Home
နိုင်ငံတကာ
တောင်တရုတ်ပင်လယ်၌ ဗီယက်နမ်သင်္ဘော နစ်မြုပ်ပြီး လူ ၄၅ ဦးကို ကယ်တင်
DVB
·
July 27, 2026
Photo: CCTV
Photo: CCTV
Donate to DVB

ကမ္ဘာ့အရေးအကြီးဆုံးနဲ့ အငြင်းပွားနေတဲ့ ရေကြောင်းတွေထဲက တခုဖြစ်တဲ့ တောင်တရုတ်ပင်လယ်ထဲက ယုံရှုကျောက်တန်းနားမှာ သင်္ဘောသား ၆၂ ယောက် တင်လာပြီး ဗီယက်နမ် မှတ်ပုံတင်ထားတဲ့ ကုန်တင်သင်္ဘောတစင်း နစ်မြုပ်ခဲ့ပါတယ်။

သင်္ဘောမှာ သင်္ဘောသား ၆၂ ယောက် သယ်ဆောင်လာပြီး ၄၅ ယောက်ကို ရေထဲကနေ ကယ်တင်နိုင်ခဲ့ပါတယ်။

ဗီယက်နမ်သင်္ဘောတစင်း တောင်တရုတ်ပင်လယ်မှာ နစ်မြုပ်ပြီးတဲ့နောက် တနင်္ဂနွေနေ့မှာ ပျောက်နေသူ ၁၇ ယောက်ကို ကယ်ဆယ်ရေးသမားတွေက ရှာနေတယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာ CCTV က ဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံပိုင် ဟိုင်နန်ကျွန်း အာဏာပိုင်တွေက ကုန်တင်သင်္ဘော ခွိုင်ငွင့် 18 ဟာ ယုံရှုကျောက်တန်းနားမှာ ပြဿနာတက်ခဲ့တယ်လို့ CCTV က ပြောပါတယ်။

ကုန်တင်သင်္ဘောဟာ အရှေ့ပင်လယ်က ရာသီဥတုဆိုးရွားနေတဲ့ အခြေအနေတွေကြားမှာ ခုတ်မောင်းနေတုန်း နစ်မြုပ်သွားပြီးတဲ့နောက် ဗီယက်နမ်အာဏာပိုင်တွေ ချက်ချင်း ရောက်လာခဲ့တယ်လို့ ဗီယက်နမ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဖမ်သူဟန်က AFP သတင်းဌာနဆီပို့တဲ့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။

တရုတ်နိုင်ငံက ကယ်ဆယ်ရေးအတွက် ကူဖို့ သင်္ဘော ၆ စင်းနဲ့ ကယ်ဆယ်ရေး ရဟတ်ယာဉ်တစင်းကို စေလွှတ်ခဲ့ပြီး ဗီယက်နမ်သင်္ဘော ၇ စင်းလည်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေပါတယ်။

Source: Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013