DVB Logo
Home
မြန်မာသတင်း
ဂျပန်တွင် ပတ်စ်ပို့သက်တမ်းကုန်နေသူများအတွက် အခွင့်အလမ်းတရပ် ရှိလာပြီဟု NUG ထုတ်ပြန်
DVB
·
September 18, 2026
Photo : MOFA Japan
Photo : MOFA Japan
Donate to DVB

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့ သက်တမ်းမတိုးဘဲ နေထိုင်နေတဲ့ မြန်မာအလုပ်သင်နဲ့ အလုပ်သမားတွေ အတွက် Tokutei Gino စာမေးပွဲဖြေဆိုရာမှာ ကြုံတွေ့နေရသော ပတ်စ်ပို့ အခက်အခဲကို ဖြေလျှော့နိုင်မဲ့ အခြေအနေတရပ် ရရှိလာပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ (ဂျပန်) ကိုယ်စားလှယ်ရုံးက အသိပေးထုတ်ပြန်ပါတယ်။

၂၀၂၆ ခုနှစ် ဧပြီလမှစတင်ပြီး Tokutei Gino စာမေးပွဲတွေအတွက် Prometric ID ပြုလုပ်ရာမှာ ပတ်စ်ပို့ အချက်အလက်ကို မှတ်ပုံတင်ဖို့ လိုအပ်လာပြီး ဂျပန်နိုင်ငံမှာ စာမေးပွဲဖြေဆိုသူတွေက ပတ်စ်ပို့ နဲ့ ဂျပန်အစိုးရ ထုတ်ပေးထားတဲ့ နေထိုင်ခွင့်ကတ်တို့ကို သက်သေအထောက်အထားအဖြစ် အသုံးပြုရတဲ့ စနစ်ကို ကျင့်သုံးလာခဲ့တာပါ။

အဆိုပါစနစ်ကြောင့် ပတ်စ်ပို့ သက်တမ်းကုန်ဆုံးနေတဲ့ မြန်မာနိုင်ငံသားတွေဟာ Prometric ID ပြုလုပ်တာနဲ့ စာမေးပွဲကြိုတင်စာရင်းပေးသွင်းတာတွေမှာ အခက်အခဲ ကြုံတွေ့ခဲ့ကြရပါတယ်။

အဆိုပါအခက်အခဲကို ဖြေရှင်းနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဂျပန် ကိုယ်စားလှယ်နဲ့ ရုံးအဖွဲ့ဝင် တွေက ဂျပန်အထက်လွှတ်တော်၊ အောက်လွှတ်တော်အမတ်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေဆီ ဆက်လက်တင်ပြညှိနှိုင်းခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

ညှိနှိုင်းမှုရဲ့ ရလဒ်အဖြစ် ပတ်စ်ပို့ သက်တမ်းကုန်ဆုံးနေသူတွေဟာ မိမိတို့ရဲ့ အခြေအနေအား သက်ဆိုင်ရာစာမေးပွဲဌာနကို ကြိုတင်ရှင်းပြပြီး Prometric ID ပြုလုပ်တာနဲ့ Tokutei Gino စာမေးပွဲလျှောက်ထားတာတို့ကို ဆောင်ရွက်နိုင်မဲ့ အခြေအနေရရှိလာပြီလို့ NUG Japan က ဆိုပါတယ်။

သတိပြုရန်အချက်တခုအနေနဲ့ အခုထုတ်ပြန်ချက်မှာ Passport သက်တမ်းကုန်သူတိုင်း အလိုအလျောက် စာမေးပွဲလျှောက်ထားနိုင်ပြီလို့ ဆိုလိုတာမဟုတ်ဘဲ လျှောက်ထားမဲ့သူတွေအနေနဲ့ မိမိရဲ့ ပတ်စ်ပို့ အခြေအနေအား သက်ဆိုင်ရာစာမေးပွဲဌာနကို ကြိုတင်ရှင်းပြ၊ အတည်ပြု မေးမြန်းပြီးမှ ID ပြုလုပ်တာနဲ့ စာမေးပွဲစာရင်းပေးသွင်းတာတို့ကို ဆောင်ရွက်ဖို့ NUG ဂျပန်က အထူးအကြံပြုထားပါတယ်။

Prometric ID Account ပြုလုပ်နည်း၊ တာဝန်ရှိသူတွေထံ ရှင်းပြရမဲ့အချက်တွေနဲ့ စာမေးပွဲ လျှောက်ထားနည်း အသေးစိတ်ကိုလည်း လာမဲ့ရက်အတွင်း ပုံတွေနဲ့တကွ ဆက်လက် အသိ ပေးသွားမယ်လို့ ဆိုပါတယ်။

NUG ဂျပန်ကိုယ်စားလှယ်ရုံးက ဂျပန်ရောက် မြန်မာနိုင်ငံသားတွေရဲ့ နေ့စဉ်ဘဝအခက်အခဲတွေကို လက်တွေ့ကျကျ ဖြေရှင်းပေးနိုင်ရေးနဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးနိုင်ရေးအတွက် ဂျပန်အဖွဲ့အစည်းတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆက်လက်ပူးပေါင်းညှိနှိုင်းသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013