DVB Logo
Home
မြန်မာသတင်း
ဖက်ဒရယ်ပွဲတော် တိုကျိုတွင် ကျင်းပ 
ဇော်ဇော်လှိုင်
·
November 15, 2026
ဖက်ဒရယ်ပွဲတော် တိုကျိုတွင် ကျင်းပ 
1 / 12
Photo: ဇော်ဇော်လှိုင်-DVB
Donate to DVB

ဖက်ဒရယ် ပြည်ထောင်စုရဲ့ အခြေခံအုတ်မြစ်အဖြစ် ပဉ္စမအကြိမ်မြောက် ဖက်ဒရယ်ပွဲတော်ကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ၊ တိုနရီပန်းခြံမှာ နိုဝင်ဘာ ၁၅ ရက်က မြန်မာပြည်ဖွား တိုင်းရင်းသားပေါင်းစုံ စုပေါင်းပါဝင်  ကျင်းပခဲ့ပါတယ်။

ဒီပွဲတော်ကို  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဂျပန်ကိုယ်စားလှယ် ဦးစောဘလှသိန်း၊ ညီညွတ်သော တိုင်းရင်းသားများအဖွဲ့အစည်း (AUN-Japan)  ဥက္ကဋ္ဌ ဦးသံလွင်ဦး၊ ဂျပန်နိုင်ငံအစိုးရ ပညာရေးဝန်ကြီးဟောင်း မစ္စတာ နခဂဝမာဆာဟာရု၊ ဂျပန်နိုင်ငံမှာ ခဏရောက်ရှိတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နိုင်ငံခြားရေးဌာန အတွင်းရေးမှူး ဦးစောနိမ်ရော့ဒ်တို့က တက်ရောက်ဖွင့်လှစ် မိန့်ခွန်းတွေ ပြောကြားခဲ့ကြပါတယ်။

AUN-Japan ရဲ့ ဥက္ကဋ္ဌ ဦးသံလွင်ဦးက "ဒီနေ့ကျင်းပတဲ့ ဖက်ဒရယ်ပွဲတော်ဟာ ပျော်ပွဲရွှင်ပွဲတခုသက်သက် မဟုတ်ပါဘူး။ ကျနော်တို့နိုင်ငံဟာ လူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ၊ ယဉ်ကျေးမှုအမျိုးမျိုးနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံတနိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့် ကျနော်တို့ မျှော်မှန်းတည်ဆောက်နေတဲ့ ဖက်ဒရယ်ပြည်ထောင်စုရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့၊ တိုင်းရင်းသားအချင်းချင်း လူမျိုးပေါင်းစုံရဲ့ ဓလေ့ထုံးစံတွေ၊ ယဉ်ကျေးမှု အစဉ်အလာတွေကို အပြန်အလှန်လေးစားမှုနဲ့ စည်းလုံးညီညွတ်မှုတို့ကို ပြသဖို့၊ အခုလို တိုကျိုဖက်ဒရယ်ပွဲတော်ကို ကျင်းပရတာပါ"လို့ DVB ကို ပြောပါတယ်။

KNU နိုင်ငံခြားရေးဌာန အတွင်းရေးမှူး ဦးစောနိမ်ရော့ဒ်က “မြန်မာနိုင်ငံအတွင်းမှာ မကျင်းပနိုင်သေးတဲ့ အခုလို အဓိပ္ပါယ်ပြည့်ဝတဲ့ လွတ်လပ်တဲ့ ဖက်ဒရယ်ပွဲတော်ကို ဂျပန်နိုင်ငံမှာ ကျင်းပနိုင်တဲ့အတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် အခြေခံ အရမ်းအရေးပါလှတဲ့၊ နိုင်ငံရေးအနှစ်သာရ ပြည့်ဝတဲ့ပွဲဖြစ်တယ်လို့ မြင်မိပါတယ်၊ အရမ်းထူးခြားပြီး အဓိပ္ပါယ်ရှိတဲ့ပွဲဖြစ်တယ်၊ နိုင်ငံတကာမှာလည်း အခုလိုပွဲတော်တွေ ကျင်းပသင့်တယ်လို့ မြင်ပါတယ်”လို့ ပြောပြပါတယ်။

ပဉ္စမအကြိမ်မြောက် တိုကျိုဖက်ဒရယ် ပွဲတော်မှာ အထူးဧည့်သည်တော် အနုပညာရှင်တွေအဖြစ် ချင်းတိုင်းရင်းသား အဆိုတော် ဒေးဗစ်လိုင်နဲ့ ဂျွန်ဒဲရက်ခ်တို့ လာရောက်ဖျော်ဖြေခဲ့ကြပြီး ဂျပန်နိုင်ငံရှိ တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ ဖျော်ဖြေရေး အစီအစဉ်တွေ ပါဝင်ခဲ့ကာ အမှတ်တရပစ္စည်းတွေ၊ ရိုးရာအင်္ကျီတွေနဲ့ အစားအသောက်တွေပါ ရောင်းချခဲ့ပါတယ်။

ဒီပွဲကနေ ရရှိလာတဲ့အကျိုးအမြတ်တွေကို မြန်မာပြည်တွင်းရှိ စစ်ဘေးဒုက္ခကြုံတွေ့ခံစားနေရတဲ့ ဒေသတွေကို လှူဒါန်းပေးပို့သွားမယ်လို့  ပွဲတော်စီစဉ်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013