
ဂျပန်နဲ့ တောင်ကိုရီးယားခေါင်းဆောင်တွေ နိုဝင်ဘာ ၁၇ ရက်မှာ နှစ်နိုင်ငံကြား အပြန်အလှန် ခရီးစဉ်တွေ စီစဉ်ခြင်းအားဖြင့် နှစ်နိုင်ငံဆက်ဆံရေးကို ဆက်ခိုင်မာအောင် တည်ဆောက်သွားဖို့ သဘောတူခဲ့ကြပါတယ်။
နိုင်ငံတကာ အခြေအနေတွေက စိန်ခေါ်မှုပိုများလာနေတဲ့အချိန်မှာ ဂျပန်နဲ့ တောင်ကိုရီးယားကြား ဆက်ဆံရေးက အလွန်အရေးကြီးတယ်လို့ ကျမယုံကြည်တယ်လို့ ဂျပန်ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိက တောင်ကိုရီးယားသမ္မတ လီဂျယ်မြောင်ကို ပြောပါတယ်။
မနီလာမြို့တော်မှာ ကျင်းပတဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစီအစဉ်တခုအဖြစ် တွေ့ချိန်မှာ ခုလိုပြောခဲ့တာပါ။
တာကာအိချိက မေလအတွင်း သမ္မတလီရဲ့ ဇာတိမြို့ဖြစ်တဲ့ အန်ဒေါင်မြို့ကို သွားလည်ခဲ့တဲ့ အကြောင်းကို ပြန်ပြောင်းပြောပြခဲ့ပြီး၊ ရှုခင်းတွေက သူ့အတွက် အလွန် နှစ်သက်စရာ အမှတ်တရ တွေ ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
အခုနှစ်အစောပိုင်းကလည်း ခေါင်းဆောင်နှစ် ယောက်ဟာ တာကာအိချိရဲ့ ဇာတိမြို့ဖြစ်တဲ့ နာ့ရာ့မြို့ မှာ တွေ့ဆုံခဲ့ကြပါသေးတယ်။
ဒါကိုတုံ့ပြန်တဲ့အနေနဲ့ လီက နိုင်ငံနှစ်ခုကြား ဆက်ဆံရေးဟာ အရင်ကထက် ပိုကောင်းမွန် တောက်ပ နေတယ်လို့ အလေးပေးပြောကြားခဲ့ပြီး လာမဲ့ဇန်နဝါရီလမှာ ဂျပန်နိုင်ငံဆီ ထပ်ပြီး လာရောက် လည်ပတ်ဖို့ တာကာအိချိရဲ့ ဖိတ်ကြားချက်ကိုလည်း လက်ခံခဲ့ပါတယ်။
Source: Reuters











