DVB Logo
Home
မြန်မာသတင်း
လူမှောင်ခိုကူးမှုဖြင့် မြန်မာ ၃ ဦးနှင့် မလေးရှား နိုင်ငံသား ၂ ဦး တရားစွဲခံရ
DVB
·
May 1, 2026
Photo: BERNAMA 
Photo: BERNAMA 
Donate to DVB

ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းက မြန်မာနိုင်ငံသား ၁၈ ယောက်ကို မလေးရှားနိုင်ငံအတွင်း တရားမဝင် မှောင်ခို ခိုးသွင်းခဲ့မှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား ၃ ယောက်နဲ့ ဒေသခံ မလေးရှား အမျိုးသား ၂ ယောက်တို့ကို ကလန်းမြို့ အထူးတရားရုံးမှာ စွဲချက်တင်လိုက်တဲ့အကြောင်း The Sun Daily သတင်းမှာ ဧပြီ ၃၀ ရက်က ဖော်ပြပါတယ်။

သူတို့ ၅ ယောက်ဟာ ဧပြီ ၅ ရက် မွန်းလွဲ ၁၂ နာရီကျော်အချိန်က ပူချောင်းမြို့၊ ပါစီရာရန် ဝါဝါဆန် လမ်းမပေါ်က အဆောက်အအုံတခုမှာ မြန်မာနိုင်ငံသား ၁၈  ယောက်ကို မှောင်ခို ခိုးသွင်းပေး ခဲ့ကြတာကို တွေ့ရှိခဲ့တယ်လို့ စွဲချက်မှာ ဖော်ပြထားသလို ဒီအမှုမှာ ပါဝင်ပတ်သက်ပြီး လွတ်မြောက်နေသူ တယောက်လည်း ရှိနေသေးတယ်လို့ သိရပါတယ်။

ဒီအမှုကို လူကုန်ကူးမှုနှင့် မှောင်ခိုတင်သွင်းမှု တားဆီးကာကွယ်ရေး အက်ဥပဒေ ပုဒ်မ ၂၆ (က) အရ တရားစွဲဆိုထားတာဖြစ်ပြီး ပြစ်မှုထင်ရှားရင် ထောင်ဒဏ် အနှစ် ၂၀ အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံရနိုင်ပါတယ်။

တရားစွဲဆိုခံရသူ ၅ ယောက်ထဲက မလေးရှားအမျိုးသား အသက် ၄၅ နှစ်အရွယ် ဟတ်စ်နူးလ် နာဇူဒီ နဲ့ ၃၇ နှစ်အရွယ် မိုဟာမက်ဖိုင်ဇယ်၊ အသက် ၂၈ နှစ် အရွယ် မြန်မာအမျိုးသမီး တယောက်ကတော့ မလေးဘာသာနဲ့ ဖတ်ကြားတဲ့ စွဲချက်တွေကို နားလည်ကြောင်း တရားသူကြီးရှေ့မှာ ခေါင်းညိတ် ဝန်ခံခဲ့ကြပါတယ်။

ကျန်တဲ့ မြန်မာအမျိုးသား ၂ ယောက်ကတော့ မလေးဘာသာစကားကို နားမလည်တဲ့အတွက် နောက်တကြိမ် ရုံးချိန်းမှာ မြန်မာစကားပြန်နဲ့အတူ စွဲချက်ကို ပြန်လည်ဖတ်ကြားသွားမယ်လို့ ဆိုပါတယ်။

အစိုးရရှေ့နေကတော့ လုံခြုံရေးအကြောင်းပြချက်ကြောင့် သူတို့ကို အာမခံပေးဖို့ ကန့်ကွက် ခဲ့ပါတယ်။ 

တရားရုံးကလည်း အားလုံးရဲ့ အာမခံကို ပယ်ချခဲ့ပြီး မြန်မာစကားပြန်ရှာဖွေနိုင်ဖို့ လာမဲ့ မေ ၆ ရက် ကို ရုံးချိန်းပြန်လည် ချိန်းဆိုလိုက်သလို အမှုက ကြီးလေးတာကြောင့် အထက်တရားရုံးမှာ ဆက်လက်စစ်ဆေးသွားဖို့ ရှိနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

Source: The Sun Daily 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013