
မြဝတီမြို့တဘက်ကမ်း ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ တရားမဝင်နေထိုင်တဲ့ နိုင်ငံခြားသားတွေနဲ့ ရွှေ့ပြောင်းမြန်မာတွေကို စစ်ဆေးဖမ်းဆီးနေတာမှာ အောင်တိုဘာ ၁၇ ရက် မနက်ပိုင်းက အယောက် ၃၀၀ လောက် ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
မဲဆောက်မြို့ ဆေးရုံအရှေ့ဘက် ထူထောင်းရပ်ကွက်၊ မွတ်စလင်ရပ်ကွက်နဲ့ ဟိုတယ်၊ တည်းခိုခန်း တွေကိုလည်း စစ်ဆေးဖမ်းဆီးသွားတာဖြစ်ပြီး ဖမ်းခံရသူတွေကို မဲဆောက်မြို့မရဲစခန်းမှာ ချုပ်ထားတယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိသူအားလုံးကို နာမည်၊ အသက် ကိုယ်ရေးအကျဥ်းတွေ စစ်ဆေးပြီးနောက် လက်ရှိမှာ ထိန်းသိမ်းထားပြီး ဖမ်းဆီးတာနဲ့ ပတ်သက်လို့ တာ့ခ်ရိုင်ရဲမှူးကြီးက သတင်းစာရှင်းလင်း သွားမယ်လို့ လည်း သိရပါတယ်။











