DVB Logo
Home
အားကစား
အင်္ဂလန်ကမ္ဘာ့ဖလားလူစာရင်းတွင် မက်ဂွိုင်းယား၊ ဖိုဒန်နှင့် ပါးလ်မားတို့ ချန်လှပ်ခံရ 
DVB
·
May 22, 2026
Photo:Reuters
Photo:Reuters
Donate to DVB

နည်းပြ သောမတ်စ်တူချယ်လ် ရွေးချယ်မဲ့ အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလား ၂၆ ယောက်လူစာရင်းမှာ နောက်ခံလူ ဟာရီမက်ဂွိုင်းယားအပြင် ဖီးလ်ဖိုဒန်နဲ့ ကိုးလ်ပါးလ်မားတို့ပါ ချန်လှပ်ခံလိုက်ရပြီး တိုက်စစ်မှူး အီဗန်တိုနီကတော့ လူစာရင်းထဲ အံ့အားသင့်ဖွယ် ပြန်လည်ပါဝင်လာတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

လူစာရင်းကနေ ချန်လှပ်ခံရတာကြောင့် မက်ဂွိုင်းယားက "ဆွံ့အပြီး စိတ်ပျက်ရတယ်"လို့ ပြောဆိုခဲ့သလို သူ့ရဲ့မိခင်ဖြစ်သူကလည်း တူချယ်လ်ရဲ့ ဆုံးဖြတ်ချက်အပေါ် "ရှက်စရာကောင်းပြီး ရွံရှာမိတယ်" လို လူမှုကွန်ရက်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ 

မက်ဂွိုင်းယားဟာ ၂၀၂၀ ပြည့်နှစ်က ဂရိနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ရဲတပ်ဖွဲ့အပေါ် ရန်ပြုမှု အမှုတွဲကြောင့် အမေရိကန်ပြည်ဝင်ခွင့် ဗီဇာရရှိဖို့ ခက်ခဲနိုင်တာကလည်း အခုလို ချန်လှပ်ခံရခြင်းရဲ့ အကြောင်းရင်း တခု ဖြစ်နိုင်တယ်လို့ သတင်းထွက်နေပါတယ်။

မန်ချက်စတာစီးတီးကြယ်ပွင့် ဖီးလ်ဖိုဒန်နဲ့ ချယ်လ်ဆီးကွင်းလယ်လူ ကိုးလ်ပါးမားတို့ဟာ ပြီးခဲ့တဲ့ မတ်လက ဂျပန်အသင်းနဲ့ပွဲမှာ ပါဝင်ကစားခဲ့ပေမဲ့ ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရတယ်လို့ နည်းပြတူချယ် က ပြောထားပါတယ်။

တဖက်မှာတော့ နယူးကာဆယ်က ဒန်ဘန်း၊ မန်စီးတီးက နီကိုအိုရိုင်လီ၊ အာဆင်နယ်က နိုနီ မာဒူအေကီနဲ့ ဘရန့်ဖို့ဒ်က ကွင်းလယ်လူ ဂျော်ဒန်ဟန်ဒါဆန်တို့ အင်္ဂလန်အသင်းမှာ ပြန်လည် ရွေးချယ်ခံရဖို့ ရှိနေပါတယ်။

နည်းပြတူချယ်ဟာ ကမ္ဘာ့ဖလားအတွက် အပြီးသတ်လူစာရင်းကို သောကြာနေ့မှာ တရားဝင် ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

Photo:Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013