
ချဲလ်ဆီးကြယ်ပွင့် ကွင်းလယ်လူ ကိုးလ်ပါးမားဟာ အင်္ဂလန်ကမ္ဘာ့ဖလား လူစာရင်းကနေ ချန်လှပ် ခံရတာကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
သူဟာ အသင်းအတွက် မတူညီတဲ့ ကစားပုံကို ပေးစွမ်းနိုင်ခဲ့မှာပါလို့ နည်းပြ သောမတ်စ်တူချယ်ကို ပြောကြားခဲ့တာပါ။
နည်းပြတူချယ်ကတော့ ပါးမားရဲ့ ဒဏ်ရာပြဿနာတွေနဲ့ နိုင်ငံအသင်းအတွက် အကျိုးသက်ရောက်မှု မရှိတာကြောင့် လူစာရင်းကနေ ချန်လှပ်ခဲ့တယ်လို့ ဆိုပါတယ်။
ပါးမားက ဘောလုံးသမားတိုင်း ကမ္ဘာ့ဖလားမှာ ကစားချင်ကြတယ်လို့ ပြောပါတယ်။ သူ့အနေနဲ့ နည်းပြရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲလို့ မရဘူး၊ ဒါပေမဲ့ သူပေးနိုင်တဲ့ ကစားပုံက မတူညီကြောင်း ထုတ်ဖော်ပြောဆိုခဲ့တာပါ။
နည်းပြ တူချယ်ကတော့ ပါးမားဟာ ကလပ်အသင်းမှာ ခြေစွမ်းကျဆင်းနေပြီး နိုင်ငံအသင်းအတွက် အကျိုးသက်ရောက်မှု မရှိခဲ့ဘူးလို့ ရှင်းပြပါတယ်။
သူ့ကို အသင်းအတွက် မကောင်းဘူးလို့ ပြောရင် မှားကြောင်း သက်သေပြချင်တယ်လို့လည်း ပါးမားက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
Photo: Reuters










