
တော့တင်ဟမ်အသင်းရဲ့ နောက်ခံလူသစ် မားကို့စ်ဆီနီဆီဟာ အာဂျင်တီးနားအသင်းရဲ့ ကမ္ဘာ့ဖလား လူစာရင်းအတွက် ရွေးချယ်ခံခဲ့ရပါတယ်။
ဒါကြောင့် သူဟာ အိုင်ဘီဇာကျွန်းမှာ အပန်းဖြေနေတဲ့ အားလပ်ရက်ခရီးစဉ်ကို ချက်ချင်း ဖျက်သိမ်း ပြီး အသင်းနဲ့ သွားရောက်ပူးပေါင်းတော့မှာ ဖြစ်ပါတယ်။
မာဆေးလ်နောက်ခံလူ ဘာလာဒီ ဒဏ်ရာရသွားတဲ့အတွက် နည်းပြ စကာလိုနီက ဆီနီဆီကို အရေးပေါ် အစားထိုး ခေါ်ယူခဲ့တာပါ။
ဆီနီဆီရဲ့ ချစ်သူဖြစ်သူ ကယ်လ်ဆီက သူတို့ ၂ ယောက် ညစာစားဖို့ ပြင်ဆင်နေချိန်မှာ ဖုန်းခေါ်ဆိုမှု ရရှိခဲ့တာလို့ ရှင်းပြပါတယ်။
သူတို့ ၂ ယောက်စလုံးဟာ ဒီအခွင့်အရေးအတွက် နေ့တိုင်းဆုတောင်းနေခဲ့ကြတာ ဖြစ်ပြီး ဖုန်းချ ပြီးနောက်မှာတော့ ပျော်ရွှင်စွာ ဖက်လှဲတကင်း အောင်ပွဲခံခဲ့ကြပါတယ်။
ဆီနီဆီဟာ အာဂျင်တီးနားအသင်းအတွက် ၃ ပွဲ ကစားပေးထားပြီး အခုအခါမှာတော့ ချန်ပီယံဆုကို ကာကွယ်ဖို့ ကူညီပေးရတော့မှာ ဖြစ်ပါတယ်။
Photo:Reuters










