
နည်းပြသောမတ်စ်တူချယ် ရွေးချယ်တဲ့ အင်္ဂလန်လက်ရွေးစင်ဘောလုံးအသင်းရဲ့ ကမ္ဘာ့ဖလား ၂၆ ယောက် လူစာရင်းမှာ တိုက်စစ်မှူး အိုင်ဗန်တိုနေးကတော့ အံ့အားသင့်ဖွယ် ပြန်လည်ရွေးချယ်ခံခဲ့ရ ပါတယ်။
ဆော်ဒီကလပ် အယ်လ်အာဟ်လီအသင်းမှာ ၃၂ ပွဲကစား၊ ၃၂ ဂိုးအထိ သွင်းယူထားတဲ့ တိုက်စစ်မှူး အိုင်ဗန်တိုနေးကတော့ အင်္ဂလန်အသင်းဆီ ပြန်ပါလာခဲ့တာပါ။
တိုနေးက သူဟာ ဆော်ဒီမြေက ပူပြင်းတဲ့ ရာသီဥတုနဲ့ ယဉ်ပါးနေပြီးသားဖြစ်လို့ ကမ္ဘာ့ဖလားပွဲ တွေမှာ အသင်းအတွက် ကောင်းကောင်းအသုံးဝင်နိုင်မယ်လို့ ပြောထားပါတယ်။
နောက်ခံလူ ဟာရီမက်ဂွိုင်းယားနဲ့ လုခ်ရှောတို့ကတော့ ချန်လှပ်ခံခဲ့ရပြီး အင်္ဂလန်အတွက် ၆၆ ပွဲ ကစားထားပြီး မန်ယူအသင်းမှာ ခြေစွမ်းပြနေတဲ့ မက်ဂွိုင်းယားက သူ ချန်လှပ်ခံရတဲ့အပေါ် အလွန်စိတ်ပျက်ပြီး ဆွံ့အမိတယ်လို့ လူမှုကွန်ရက်ကနေ ရင်ဖွင့်ထားပါတယ်။
နည်းပြတူချယ်ကတော့ မက်ဂွိုင်းယားထက် အက်ဇရီကွန်ဆာ၊ မာ့ခ်ဂေဟီ၊ ထရီဗိုချာလိုဗာနဲ့ ဂျွန်စတုန်းစ်စတဲ့ နောက်ခံလူတွေကို ပိုသဘောကျပြီး ဦးစားပေးထားတယ်လို့ အရင်ကတည်းက ပြောကြားထားဖူးပါတယ်။
Photo: Reuters










